Connect with us

Hi, what are you looking for?

News

နတ်တလင်းပြည်သူများ အသံတိတ်သပိတ်တွင် ပူး​ပေါင်းပါဝင်​ပေးကြရန် နတ်စစ် PDF ​မေတ္တာရပ်ခံ

စျေးဆိုင်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ အန္တရာယ်ပေးခြင်းမှ ကင်းဝေးစေရန် ဆိုင်ဖွင့်ထားပြီး သက်မှတ်အချိန်အတွင်း ဆိုင်အတွင်းသာနေထိုင်ကာ အပြင်သို့သွားလာခြင်း မပြုလုပ်ဘဲ ပူးပေါင်းပါဝင်ပေးရန် နတ်စစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံသည်။

ပဲခူးတိုင်း နတ်တလင်းမြို့နယ်ရှိ ပြည်သူများအ​နေဖြင့် အကြမ်းဖက်စစ်တပ်နှင့် အာဏာရှင်စနစ်ကို လုံးဝလက်မခံကြောင်း ပြသသည့်အနေဖြင့် လာမည့်ဖေဖော်ဝါရီ၁ ရက်ပြုလုပ်မည့် အသံတိတ်သပိတ်၌ ပူးပေါင်းပါဝင်ပေးကြရန် နတ်စစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံသည်။

နတ်တလင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးသွားကြသူများ၊ ထောင်တွင်းအကျဥ်းချခံနေရသူများ၊ CDM ပြုလုပ်နေကြသော ဝန်ထမ်းများ၊ စစ်ဘေးရှောင်ပြည်သူများ၊ နေအိမ်မီးရှိူ့ခံရသူများအား စာနာလေးစားတန်ဖိုးထား အသိအမှတ်ပြုခြင်းနှင့် မတရားဖိနှိပ် ရက်စက်ယုတ်မာ သတ်ဖြတ်နေသော အကြမ်းဖက်စစ်တပ်နှင့် အာဏာရှင် စနစ်ကို လုံးဝလက်မခံကြောင်း ပြသသည့်အနေဖြင့် လာမည့်ဖေဖော်ဝါရီ ၁ရက် အသံတိတ်သပိတ်တွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အပြင်သို့လုံးဝမထွက်ခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းကြောင်း နတ်စစ်သည်အဖွဲ့က ယနေ့(ဇန်နဝါရီ ၂၉) ထုတ်ပြန် သည်။

စျေးဆိုင်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ အန္တရာယ်ပေးခြင်းမှ ကင်းဝေးစေရန် ဆိုင်ဖွင့်ထားပြီး သက်မှတ်အချိန်အတွင်း ဆိုင်အတွင်းသာနေထိုင်ကာ အပြင်သို့သွားလာခြင်း မပြုလုပ်ဘဲ ပူးပေါင်းပါဝင်ပေးရန် နတ်စစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံသည်။

ပြည်သူများအနေဖြင့် ဖေဖော်ဝါရီ ၁ ရက် မတိုင်မီ စျေးတစ်ရက်ကြိုဝယ်ထာားကာ အဆိုပါနေ့တွင် စျေးဝယ်ခြင်း၊ အပြင်ထွက်ခြင်းမလုပ်ခြင်းဖြင့် အာဏာရှင်စနစ်ကိုတွန်းလှန်သော သပိတ်တွင် ပူးပေါင်းပါဝင်ပေးကြရန် အထူးမေတ္တာရပ်ခံကြောင်း ထပ်မံ အသိပေးကြေညာထားသည်။

Public Service Announcement

Public Service Announcement

“မိဘပြည်သူများရဲ့ ပူးပေါင်းပါဝင်မှုဟာ အသက်စွန့်တိုက်ပွဲဝင်နေကြသော တော်လှန်ရေး ရဲဘော်များအတွက် ကြီးမားသော စိတ်ဓါတ်အင်အားတစ်ခု ရရှိစေပါတယ် ” ဟု နတ်စစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြော သည်။

အကြမ်းဖက်စစ်ကောင်စီသည် လာမည့်ဖေဖော်ဝါရီ ၁ ရက်တွင် အသံတိတ်သပိတ်မပြုလုပ်ရန် လိုက်လံတားမြစ်ဖိအားပေးအကျပ်ကိုင်မှုများ ပြုလုပ်နေပြီး နတ်တလင်းမြို့ နယ်တွင် ဇန်နဝါရီ ၂၈ ရက်က အသံတိတ်သပိတ်၌ မပါဝင်ရန် စစ်ကောင်စီညွှန်ကြားချက်ကို ကျေးရွာအတွင်း အော်လံဖြင့် လိုက်အော်နေသူတစ်ဦးအား နတ်စစ်သည်အဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။