Connect with us

Hi, what are you looking for?

News

ဆောမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ ဖေဖော်ဝါရီ၅ရက် နောက်ဆုံး CDM ပြုလုပ်ရန် သတိပေး

ဆောမြို့နယ် CDMဦးဆောင်ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ယခုကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်ဟုလည်း အသိပေးသည်။

(စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတောင်းဆိုနေသော ဆောမြို့နယ်ပြည်သူများကို ၂၀၂၁ ဖေဖော်ဝါရီ ၁၉ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

အကြမ်းဖက်စစ်ကောင်စီ လက်ကိုင်တုတ်ဝန်ထမ်းများ ဖေဖော်ဝါရီ ၅ ရက်နောက်ဆုံးထား၍ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံရန် ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ (ဇန်နဝါရီ ၃၀)တွင် သတိပေးစာ ထုတ်ပြန်သည်။

ကြေညာချက်ပါ ပြည်သူ့ရင်ခွင်ခိုလှုံရမည့် နောက်ဆုံးရက် နောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီခိုင်းစေမှုများကို ပြုလုပ်သည့် မည်သည့်အကြမ်းဖက်စစ်ကောင်စီဝန်ထမ်းကိုမဆို နိုင်ငံတော် သစ္စာဖောက်မှု ကြံရာပါအဖြစ်သတ်မှတ်ကာ ထိရောက်စွာအရေးယူဆောင်ရွက်မည်ဟု အသိပေးသည်။

ထို့အပြင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ ခံဝန်ပေးပို့ထားပြီး စစ်ကောင်စီ၏ အလုပ်များဆက်လက်လုပ်ကိုင်နေခြင်း၊ပြည်သူ့အခွန်ငွေကို လစာအဖြစ် ထုတ်ယူသုံးစွဲခြင်းများရှိသည်ကို တွေ့ရှိပါကလည်း ထိရောက်စွာအရေးယူမည်ဟု ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

ဆောမြို့နယ် CDMဦးဆောင်ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ယခုကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်ဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ယခု သတိပေးကြေညာချက်ကို ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအောက်ရှိ CDM ဦးဆောင်ကော်မတီ၊ ဆောမြို့နယ်လုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဦးဆောင်ကော်မတီ နှင့် ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များထံ ဖြန့်ဝေရမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းထံက လက်နက်ခဲယမ်းတချို့သိမ်းရထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်တပ်ရင်း (၁၃) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။