Connect with us

Hi, what are you looking for?

News

လွိုင်​ကော်မြို့တိုက်ပွဲ စစ်​​​ကောင်စီတပ်မှ ခြောက်ဦး​သေ၊ ကရင်နီတပ်မ​တော်မှ ရဲ​ဘော်တစ်ဦးလည်း ကျဆုံး

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ​ခြောက်ဦး သေဆုံးခဲ့ပြီး၊ ထိခိုက်မှုများရှိခဲ့ကာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များကိုခုခံတိုက်ခိုက်ရင်း ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု ​ဖော်ပြထားသည်။

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့အတွင်း တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ခြောက်ဦးထက်မနည်းသေဆုံးခဲ့ပြီး ကရင်နီတပ်မတော်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်​ရေးတပ်(KNDF)က ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၃၀ ရက်) နေ့လယ် ၁၂ နာရီခွဲတွင် လွိုင်ကော်မြို့ လွိုင်လင်လေကျေးရွာအုပ်စု ကုန်းဆွတ် ကျေးရွာအနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA)နှင့် KNDFတို့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲမှာ နေ့လယ် ၂ နာရီခွဲအထိ ကြာမြင့်ခဲ့ပြီး လွိုင်လင်လေးဖက်မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အများအပြားအင်အားဖြည့် တင်းထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် KNDF တပ်ဆုတ်ခဲ့ရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ​ခြောက်ဦး သေဆုံးခဲ့ပြီး၊ ထိခိုက်မှုများရှိခဲ့ကာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များကိုခုခံတိုက်ခိုက်ရင်း ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

KNDFမှ ကျဆုံးသွားသောရဲဘော်ကို အာဇာနည်သူရဲကောင်းအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုသည်ဟု ​ထုတ်ပြန်သည်။

အလားတူ ယနေ့ နေ့လယ်၁၁နာရီခွဲခန့်က လွိုင်ကော်မြို့နယ် ခလရ(၂၅၁) တပ်ရင်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)၊ KNDF တို့ တိုက်ပွဲ ၁နာရီကြာ ဖြစ်ပွားခဲ့သည်။

Public Service Announcement

ထိုတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ တပ်မ (၅၅)မှ တပ်ရင်းသည် လွိုင်ကော်မြို့၊ နာနတ်တော ရပ်ကွက်နှင့် ဘာဒိုကျေးရွာတို့တွင်စစ်ကြောင်းထိုးလျက်ရှိသည်။

၎င်းရပ်ကွက်နှင့် ကျေးရွာအတွင်းရှိ ပြည်သူများမှာ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNDFက အသိပေးသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။