Connect with us

Hi, what are you looking for?

LuduNwayOo

News

နည်းပညာအထက်တန်းကျောင်းအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်ကို တမူးPDF ပူးပေါင်းအဖွဲ့တိုက်ခိုက်

“နည်းပညာကျောင်းမှာ အခုတိုက်ခိုက်တဲ့ စစ်ခွေးအဖွဲ့ကတပ်ကူဖို့ရောက်လာတာ။ သိပ်မကြာသေးဘူး။ အဲဒီမှာစစ်ခွေးရော၊ ပျူရော အင်အား ၄၀ လောက်တော့ရှိတယ်”ဟု တမူး PDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံး

တမူးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းအတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များ ဝင်တိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကြောင်း တမူး PDFက ယနေ့(ဖေဖော်ဝါရီ ၁ ရက်)တွင် ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်မှာ ဇန်နဝါရီ ၃၁ ရက် ညနေပိုင်း ၄နာရီခွဲခန့်က တမူးမြို့မှ ကလေးမြို့သို့အထွက် (၃)မိုင်အကျော်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (GTHS )အတွင်း တပ်စွဲ၍ ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို People’s Defense Force (Tamu) တပ်ရင်း-၄ (TSG) ၊ Burma Student Organization (BSO)နှင့် ပကဖ ပူးပေါင်းအဖွဲ့ မှ အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

“နည်းပညာကျောင်းမှာ အခုတိုက်ခိုက်တဲ့ စစ်ခွေးအဖွဲ့ကတပ်ကူဖို့ရောက်လာတာ။ သိပ်မကြာသေးဘူး။ အဲဒီမှာစစ်ခွေးရော၊ ပျူရော အင်အား ၄၀ လောက်တော့ရှိတယ်”ဟု တမူး PDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ ရဲဘော်များအားလုံး ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီ ၂၇ရက်ကလည်း တမူးမြို့ရှိ (၄) မိုင်စစ် ဆေးရေးဂိတ်ကို တမူး PDF ၊BSO နှင့် ပကဖ ပူးပေါင်းအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားသုံးဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။