Connect with us

Hi, what are you looking for?

News

နည်းပညာအထက်တန်းကျောင်းအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်ကို တမူးPDF ပူးပေါင်းအဖွဲ့တိုက်ခိုက်

“နည်းပညာကျောင်းမှာ အခုတိုက်ခိုက်တဲ့ စစ်ခွေးအဖွဲ့ကတပ်ကူဖို့ရောက်လာတာ။ သိပ်မကြာသေးဘူး။ အဲဒီမှာစစ်ခွေးရော၊ ပျူရော အင်အား ၄၀ လောက်တော့ရှိတယ်”ဟု တမူး PDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံး

တမူးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းအတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များ ဝင်တိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကြောင်း တမူး PDFက ယနေ့(ဖေဖော်ဝါရီ ၁ ရက်)တွင် ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်မှာ ဇန်နဝါရီ ၃၁ ရက် ညနေပိုင်း ၄နာရီခွဲခန့်က တမူးမြို့မှ ကလေးမြို့သို့အထွက် (၃)မိုင်အကျော်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (GTHS )အတွင်း တပ်စွဲ၍ ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို People’s Defense Force (Tamu) တပ်ရင်း-၄ (TSG) ၊ Burma Student Organization (BSO)နှင့် ပကဖ ပူးပေါင်းအဖွဲ့ မှ အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

“နည်းပညာကျောင်းမှာ အခုတိုက်ခိုက်တဲ့ စစ်ခွေးအဖွဲ့ကတပ်ကူဖို့ရောက်လာတာ။ သိပ်မကြာသေးဘူး။ အဲဒီမှာစစ်ခွေးရော၊ ပျူရော အင်အား ၄၀ လောက်တော့ရှိတယ်”ဟု တမူး PDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ ရဲဘော်များအားလုံး ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီ ၂၇ရက်ကလည်း တမူးမြို့ရှိ (၄) မိုင်စစ် ဆေးရေးဂိတ်ကို တမူး PDF ၊BSO နှင့် ပကဖ ပူးပေါင်းအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားသုံးဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။