Connect with us

Hi, what are you looking for?

News

ရေးမြို့တွင် ကင်းလှည့်နေသည့်စစ်ကောင်စီကားတစ်စီး တိုက်ခိုက်ခံရ၊ နှစ်ဦးဒဏ်ရာပြင်းထန်

ယနေ့နံနင်ပိုင်းကလည်း စစ်ကောင်စီထောက်တိုင် ရေးမြို့နယ် အစင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်းမြင့်ဆိုသူ ဦးခေါင်းအားသေနတ်​ဖြင့် ပစ်ခံခဲ့ရပြီး မည်သူ့အဖွဲ့ကလုပ်ဆောင်သည်ဆိုခြင်းကို မသိရသေးပေ။

(ယမန်နေ့က အသံတိတ်သပိတ်ဆင်နွှဲနေကြသော ရေးမြို့တစ်နေရာကို တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ရေးမြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်မှ ကားတစ်စီးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(YGF)က ယနေ့(ဖေဖော်ဝါရီ ၂)ထုတ်ပြန်သည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁)ည ၇ နာရီ မိနစ်၄၀ခန့်က ရေးမြို့ ရန်မျိုးအောင်ရပ်ကွက် အ.ထ.က(၁) ကျောင်းအနီး လက်နက်အပြည့်အစုံဖြင့် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီလက် အောက်ခံတပ်၏ ကားတစ်စီးအား မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

“စကစဘက်မှ နှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိ၍ အသက်သေဆုံးနိုင်သည်ဟု ကြားသိရသည်”ဟု YGF က အသိပေးသည်။

အထက်ပါတိုက်ခိုက်မှုဖြစ်စဥ်အတွင်း ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (YGF)မှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထား သည်။

Public Service Announcement

Public Service Announcement

ယနေ့နံနင်ပိုင်းကလည်း စစ်ကောင်စီထောက်တိုင် ရေးမြို့နယ် အစင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်းမြင့်ဆိုသူ ဦးခေါင်းအားသေနတ်​ဖြင့် ပစ်ခံခဲ့ရပြီး မည်သူ့အဖွဲ့ကလုပ်ဆောင်သည်ဆိုခြင်းကို မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။