Connect with us

Hi, what are you looking for?

News

ဒီမိုကရေစီစနစ် အမြန်ဆုံးအကောင်အထည်ဖော်ရန် မြန်မာစစ်တပ်ကို ဂျပန်ထပ်မံတိုက်တွန်း

“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု ပြန်လည်ရရှိရေး အကြမ်းဖက်မှုတွေ ထိန်းချုပ်ပြီး ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာဖို့ ဂျပန်အစိုးရက တိုက်တွန်းပါတယ်” ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှိမာဆာက ဆိုသည်။

အကြမ်းဖက်မြန်မာစစ်တပ်ကို ဒဏ်ခတ်အရေးယူမှုမရှိသည့် ဒေသတွင်း ဒီမိုကရေစီနိုင်ငံကြီးများ ထဲတွင် ဂျပန်ပါဝင်

အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ ဖမ်းဆီးထိန်းသိမ်းခံရသူများ ပြန်လွှတ်ပေးရေးနှင့် ဒီမိုကရေစီစနစ်အမြန်ဆုံးပြန်လည်အသက်သွင်းရေးတို့ကို လက်တွေ့လုပ်ဆောင်ရန် မြန်မာစစ်တပ် ကို ဂျပန်အစိုးရ ထပ်မံတိုက်တွန်းလိုက်သည်။

အာဏာသိမ်း (၁)နှစ်ပြည့် ဖေဖော်ဝါရီတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှိမာဆာက ထုတ်ပြန် တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး အခြေအနေတိုးတက်ရန် လုပ်ဆောင်မှု ဆက်လက်အားနည်းနေခြင်းကို စိုးရိမ်ကြောင်း ပြောကြားသည်။

အကြမ်းဖက်မှုများထိန်းချုပ်ကန့်သတ်ရန် နိုင်ငံတကာအသိုင်းအဝန်းက ထပ်တလဲလဲတောင်းဆိုနေသည့်တိုင် ဆက်လက်ဖြစ်ပွားနေခြင်းအပေါ် ပြင်းထန်စွာပြစ်တင်ရှုတ်ချကြောင်းနှင့် ပြီးခဲ့သည့် ၁ နှစ်အတွင်း အကြမ်းဖက်မှုများကြောင့် အသက်ဆုံးရှုံးခဲ့သူများအတွက် ဝမ်းနည်းကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု ပြန်လည်ရရှိရေး အကြမ်းဖက်မှုတွေ ထိန်းချုပ်ပြီး ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာဖို့ ဂျပန်အစိုးရက တိုက်တွန်းပါတယ်” ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှိမာဆာက ဆိုသည်။

ဂျပန်သည် မြန်မာ့အရေးတွင် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းနှင့် နီးကပ်စွာ ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး လူသားချင်းစာနာမှုအကူအညီများပေးအပ်နိုင်ရေး ခွင့်ပြု ပေးရန်လည်း မြန်မာစစ်တပ်ကို တောင်းဆိုထားသည်။

ထို့အပြင် စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်တွင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာ့ အခြေအနေဆိုးရွားနေမှုကို လွန်စွာစိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းစစ်တပ်က အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ် အကောင်အထည်ဖော်မှု မရှိခြင်းကို စိတ်ပျက်ကြောင်းနှင့် အမြန်ဆုံးအပြည့်အ၀အကောင်အထည်ဖော်ရေး စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ အမြန်ဆုံးလာရောက်ခွင့်ပြုကာ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေး ရေးတို့ကို စင်ကာပူက တောင်းဆိုခဲ့သည်။

မကြာသေးမီက Justice For Myanmarက ထုတ်ပြန်သော အစီရင်ခံစာအရ တရားမဝင် အကြမ်းဖက်မြန်မာစစ်တပ်ကို အနောက်ဒီမိုကရေစီနိုင်ငံများက ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုပြုလုပ်ထားသော်လည်း ဒေသတွင်း ဒီမိုကရေစီနိုင်ငံကြီးများဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ဩစတြေးလျတို့က အာဏာသိမ်းမှု(၁)နှစ်ပြည့်ချိန်အထိ လုပ်ဆောင်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

ဆောင်းပါး

ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ...

ဆောင်းပါး

FATFသည်စစ်တပ်ကအမေရိကန်၏အဓိကပြိုင်ဘက်နိုင်ငံများထံမှလက်နက်ဝယ်ယူရန် ငွေကြေးလမ်းကြောင်းများကိုတားဆီးနိုင်သည်။