Connect with us

Hi, what are you looking for?

News

စစ်ကိုင်းမြို့နယ်တွင် စစ်​ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရ စစ်ဗိုလ်တစ်ဦးနှင့် ပျူ နှစ်ဦးဒဏ်ရာရ

ယနေ့ ဖေဖေါ်ဝါရီ ၃ရက် ညနေ ၄နာရီ ၁၅မိနစ် အချိန်ခန့်က စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲရွာမှ ထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့အား ရွာသစ်ရွာနှင့် ရွာထောင်ရွာကြားတွင် စစ်ကိုင်းမြို့နယ် ပ.က.ဖ တပ်ဖွဲ့ မှ ရှေ့ထွက်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ ရှေ့ထွက်မိုင်းဖြင့်တိုက်ခိုက်ခံရပြီး စစ်​ကောင်စီတပ်မှဗိုလ်တစ်ဦးနှင့် ပျူစောထီးနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်သည်။

ယနေ့ ဖေဖေါ်ဝါရီ ၃ရက် ညနေ ၄နာရီ ၁၅မိနစ် အချိန်ခန့်က စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲရွာမှ ထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့အား ရွာသစ်ရွာနှင့် ရွာထောင်ရွာကြားတွင် စစ်ကိုင်းမြို့နယ် ပ.က.ဖ တပ်ဖွဲ့ မှ ရှေ့ထွက်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်ခံရမှုကြောင့် ပျူ‌စောထီးဦးနှင့် စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့မှ ၁၂ဦးနှင့် ကြွယ်ပုံရွာမှ ပျူစောထီး ၃၀ခန့်က ဓါးကိုယ်စီ ‌ကိုင်ဆောင်ပြီး စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲရွာကိုဝင်‌ရောက်ခဲ့ကာ ရွာသား ၁၀ ဦးအား PDF ဟုစွပ်စွဲပြီး ဖမ်းဆီးခဲ့ကြကြောင်း၊ အဆိုပါရွာမှ ပြန်အထွက်တွင် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“မြင်းမူနဲ့ စစ်ကိုင်းအစပ်မှာ တိုက်ခိုက်ခံရတာပါ”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းကလည်း ညောင်ပင်ရှည်ရွာ ပျူစောထီးခေါင်းဆောင်ဇော်ဝင်းအား အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)မှ သာဇင်ကျေးရွာနှင့် အိုင်းဓမ္မကျေးရွာကြားတွင် တူမီးသေနတ်ဖြင့် သုံးချက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။