Connect with us

Hi, what are you looking for?

News

ဖလမ်းမြို့နယ်၌ ဇန်နဝါရီလအတွင်းတိုက်ပွဲ ၁၂ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၈၁ဦးသေဟု CNO ထုတ်ပြန်

တိုက်ပွဲဖြစ်ပွားရာ အနီးအနား ၈နေရာတွင် စစ်ကောင်စီတပ်မှ အလောင်းများ ပုံထားသည်ကို တွေ့ရကြောင်း၊ ၆၀ မမ ၊ ၄၀ မမ နှင့် ကျည်အများအပြား သိမ်းဆည်းရမိကြောင်း ထုတ်ပြန်သည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ် နေရာအချို့တွှင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)နှင့် စစ်ကောင်စီတပ် တို့ ဇန်နဝါရီလအတွင်း တိုက်ပွဲ ၁၂ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၈၁ဦး သေဆုံးပြီး ၆၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထုတ်ပြန်သည်။

အင်အား ၃၀၀ ခန့် ရှိသည့် အကြမ်းဖက်စစ်ကောင်စီ တပ်သည် ဇန်နဝါရီ ၆ရက်မှ စ၍ ထိုးစစ်ဆင်လာသည့် အပေါ် CNO လက်အောက်ခံ CNDF တပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

တိုက်ပွဲဖြစ်ပွားရာ အနီးအနား ၈နေရာတွင် စစ်ကောင်စီတပ်မှ အလောင်းများ ပုံထားသည်ကို တွေ့ရကြောင်း၊ ၆၀ မမ ၊ ၄၀ မမ နှင့် ကျည်အများအပြား သိမ်းဆည်းရမိကြောင်း ထုတ်ပြန်သည်။

CNDF တပ်မှလည်း မိုင်းရှင်းလင်းစဉ် ဒဏ်ရာရသူ တစ်ဦး အပါအဝင် တိုက်ပွဲကာလအတွင်း ၈ဦး ဒဏ်ရာရခဲ့ပြီး ၁ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

CNDFနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ နေရာများမှာ ဖလမ်းမြို့နယ် သီးဘွာလ်စခန်း၊ ဝေဘူလမြို့အနီး၊ ဟရီယာန်ရွန်းကျေးရွာ၊ မွှန်လွှရွာ၊ ပါရ်သဲရွာ၊ လာသီးရွာ၊ ဇောင်လဲရွာ၊ ဗားရ်စခန်းနှင့် လုံဘန်းရွာအနီးတို့ ဖြစ်သည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။