Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကို အခွန်ဆောင်လုပ်ကိုင်နေသော သာကေတမှ ကြက်ဝိုင်း ဖောက်ခွဲသတိပေးခံရ

ဖေဖော်ဝါရီ၅ ရက် နေ့လည်က သာကေတမြို့နယ် ရန်ပြေ(၁၅)လမ်း ကန်ဘောင်ပေါ်၌ ပြုလုပ်နေသည့် ကြက်ဝိုင်းကို ဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ခြောက်လှန့်သည့်အနေဖြင့်သာပြုလုပ်ခြင်းဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

People's Spring
People's Spring

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကို အခွန်ဆောင်လုပ်ကိုင်နေသော သာကေတမြို့နယ်မှ ကြက်ဝိုင်းကို ဖောက်ခွဲ သတိပေးမှုပြုလုပ်ခဲ့ကြောင်း ဗမာ့နောက်ဆုံးတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ (B.F.R.A.F)က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ၅ ရက် နေ့လည်က သာကေတမြို့နယ် ရန်ပြေ(၁၅)လမ်း ကန်ဘောင်ပေါ်၌ ပြုလုပ်နေသည့် ကြက်ဝိုင်းကို ဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ခြောက်လှန့်သည့်အနေဖြင့်သာပြုလုပ်ခြင်းဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

“လောင်းကစားဝိုင်းတွေပိုဆိုးလာတာ ပုံမှန်ပဲရောင်းဝယ်နေကျတုန်း။ သတိလေးဝင်အောင် အသိလေး ဝင်အောင်သတိပေးလိုက်တာပါ”ဟု B.F.R.A.F တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပြည်သူများအခက်အခဲကြုံနေရသည့် အချိန်တွင် စစ်ကောင်စီအဖွဲ့ကို အခွန်ဆောင်ကာလုပ်ကိုင်နေသည့် လောင်းကစားရုံများ၊ စစ်ကောင်စီ၏ ထုတ်ကုန်များကို ရောင်းချပေးနေသည့်ဆိုင်များ ရန်ကုန်မြို့၏ နေရာ တော်တော်များများ၌ရှိနေသောကြောင့် ပြည်သူများအနေဖြင့် ယင်းနေရာများသို့ မသွားရန်နှင့် စစ်ကောင်စီ ထုတ်ကုန်များကိုလည်း အားမပေးရန် B.F.R.A.Fအဖွဲ့က မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လောင်းကစားရုံများအနေဖြင့်လည်း စစ်ကောင်စီအဖွဲ့ကို ထောက်ပံ့ပေးသည့်လုပ်ငန်းများ မလုပ်ကြရန် နှင့် ဆက်လက်လုပ်ကိုင်နေပါက ၎င်းတို့အဖွဲ့အနေဖြင့်လည်း လုပ်စရာရှိသည်များကို ဆက်လက်လုပ်ကိုင်မည်ဟု လည်း သတိပေးထားသည်။

B.F.R.A.F ၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာကို AYA ဘဏ်ဖောက်ခွဲမှုနှင့် ကြက်ဝိုင်း ဖောက်ခွဲမှု တင်ပြီးချိန်တွင် ဖြုတ်ချခံခဲ့ရသောကြောင့် ပေ့ချ်အသစ်ထပ်မံဖွင့်ထားရကြောင်း အထက်ပါအဖွဲ့ဝင်က ပြောသည်။

“ကျွန်တော်တို့ထုတ်ထားတဲ့ စာကို ပြန်တင်တဲ့ ပေ့ချ်တောင် ကျသွားတယ်ပြောတယ်။ ဒီကောင်တွေလုပ်တုန်းက လုပ်ပြီးနာမည်ပျက်မှာတော့ တော်တော်ကြောက်တယ်”ဟု B.F.R.A.F အဖွဲ့ဝင်က ပြောသည်။

ထို့ကြောင့် ၎င်းတို့၏ လှုပ်ရှားမှုများကို https://www.facebook.com/BFRAF1/ နှင့် https://t.me/updateinformations တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်က မြင်တော်သာလမ်းမှာ စက်ဘီးနဲ့ ကျောင်းသွားတဲ့ ကိုးတန်းကျောင်းသားလေး ၁ဦးကို လူတစ်စုက ဖမ်းဆီးဖို့ကြိုးစားချိန် ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။