Connect with us

Hi, what are you looking for?

News

မောင်တောတွင် AAနှင့် စစ်ကောင်စီတိုက်ပွဲဆက်ဖြစ်၊ နေရာသုံးခု၌ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုရှိနိုင်ဟု ဒေသခံပြော

ဖေဖော်ဝါရီ ၅ရက်က မောင်တောမြို့နယ်မြောက်ပိုင်း မီးတိုက်ကျေးရွာအနီးရှိ တောင်ကြောတစ်ခု၌ AA နှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယနေ့တွင် နေရာသုံးခုတွင် ဆက်လက် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိနိုင်ကြောင်း ဒေသခံက ပြောသည်။

ဖေဖော်ဝါရီ ၅ရက်က မောင်တောမြို့နယ်မြောက်ပိုင်း မီးတိုက်ကျေးရွာအနီးရှိ တောင်ကြောတစ်ခု၌ AA နှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယနေ့တွင် နေရာသုံးခုတွင် ဆက်လက် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

“မနေ့က ဖြစ်တဲ့နေရာနားမှာပဲ။ အဲဒီအနီးပတ်၀န်းကျင်မှာပဲ။ ဖြစ်တာက မောင်တောမြောက်ပိုင်း၊ တောင်ပြိုကို သွားတဲ့လမ်းရဲ့ အရှေ့ဘက်ဖြစ်တယ်။နောက်ပြီးတော့ ကြိမ်ချောင်းကနေ ခမောင်းဆိပ်မြို့နယ်ခွဲကို သွားတဲ့လမ်းမှာ။ ဒီနေ့ဖြစ်တာက စစ်တပ်က အေအေ ရှိတဲ့နေရာကို လက်နက်ကြီး ပစ်တာ။ ပစ်တော့ AAက တပ်ဘက်က အင်အားနည်းတဲ့နေရာကို ဝင်ပစ်တာ” ဟု ဒေသခံက ပြောသည်။

တိုက်ပွဲဖြစ်ရာနေရာများမှာ ကြိမ်ချောင်း-တောင်ပြိုကားလမ်း၊ အတွင်းသင်္ဘောလှကျေးရွာနောက်ကျောဖက် တောထဲ နှင့် မဲဇလီချောင်း ဒေသတို့၌ ဖြစ်သည်ဟု Border News Agency က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

AA အနေဖြင့် မောင်တောမြို့နယ်တွင် အတိုင်းအတာတစ်ခုအထိ အားကောင်းနေပြီဖြစ်ကြောင်း၊ တစ်ရက်နှစ်ရက်အတွင်း တိုက်ပွဲများ ဆက်ဖြစ်ပါက ရခိုင်ပြည်နယ် နေရာအနှံ့၌ တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း ဒေသခံက သုံးသပ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဘက်က ရခိုင်ပြည်နယ်ဘက်သို့ အင်အားဖြည့်တင်းမှုများ ရှိသကဲ့သို့ AA အနေဖြင့်လည်း စစ်ရေးပြင်ဆင်မှုများရှိနေကြောင်း ၎င်းကဆက်​ပြောသည်။

ယမန်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က AA ကင်းသမားအား လက်ဦးမှုယူ ပစ်ခတ်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ကိုခိုင်သုခက ပြောဆိုထားသည်။ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားမှု ရှိ၊မရှိမှာ စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုအပေါ် မူတည်သည်ဟုလည်း ၎င်းက ပြောဆိုသည်။သို့သေ ယနေ့ တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် ကိုခိုင်သုခထံ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။