Connect with us

Hi, what are you looking for?

News

မြင်းမူတွင်စစ်​ကောင်စီတပ်က PDF အ​ယောင်​ဆောင်ပြီး​နေအိမ်များဖျက်ဆီး၍ ပြည်သူများအလွယ်တကူမယုံဘဲ မသင်္ကာစရာကြုံလျှင်သတင်း​ပေးရန်MMU-PDF ​အသိ​ပေး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ကျေးရွာတစ်ရွာသို့ဝင်ရောက်စီးနင်းစဥ် PDFဟုပြောဆိုကာ နေအိမ်များအားဖျက်ဆီးပြီး တန်ဖိုးရှိပစ္စည်းများယူဆောင်သွားကြောင်း မြင်းမူမြို့နယ် ပြ​ည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့က ပျော့ရွာ-မကျီးကန်လမ်းအတိုင်း ဝင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များမှာ အပြစ်မဲ့ပြည်သူများအား ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားပြီး မကျီးကန်ရွာအတွင်းရှိ နေအိမ် ၁ဝ လုံးအား မွှေနှောက်ဖျက်ဆီးကာ တန်ဖိုးရှိပစ္စည်းများ ယူဆောင်သွားခဲ့ကြောင်း၊ ဝင်ရောက်စီးနင်းစဥ် အကြမ်းဖက်စစ်ကောင်စီတပ်များမှာ အရပ်ဝတ်များအပြင် အချို့မှာ PDFဝတ်စုံများဝတ်ဆင်ပြီး ၎င်းတို့မှာ PDFဟုဆိုကာ ပြည်သူများအား လမ်းပြအဖြစ်ခေါ်ဆောင်သွားခဲ့ကြောင်း မြင်းမူမြို့နယ် ပြ​ည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အသိပေးကြေညာချက်တွင် ရေးသားထားသည်။

ပြည်သူများအနေဖြင့် ​အရပ်ဝတ်နှင့်ဖြစ်စေ၊ ပျောက်ကြားဝတ်စုံ(သို့မဟုတ်) PDFဝတ်စုံ တစ်ခုခုဖြင့်ဖြစ်စေ၊ တစ်စုံတစ်ရာလာရောက်မေးမြန်းစုံစမ်းခဲ့ပါက အလွယ်တကူ ဖြေကြားခြင်းမပြုရန် မေတ္တာရပ်ခံကြောင်း၊ ထိုကဲ့သို့ မသက်ာစရာ ကြုံတွေ့ခဲ့ပါက နီးစပ်ရာအဖွဲ့ဝင်များထံ၊ အဖွဲ့အစည်းခေါင်းဆောင်များထံသို့ ဆက်သွယ်သတင်းပေးကြပါရန် အထူးအသိပေးကြောင်း မြင်းမူမြို့နယ် ပြ​ည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြေညာသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။