Connect with us

Hi, what are you looking for?

News

ရေဦးမြို့နယ်မှ Non-CDM ဝန်ထမ်းများဆက်တိုက်နှုတ်ထွက်လာ

ရေဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပညာရေးဌာနမှ ဝန်ထမ်း ၄၀ နီးပါးသည် ရာထူးတာဝန်မှနှုတ်ထွက်ကြောင်းကို ပြည်သူလူထုအား လူမှုကွန်ရက်မှ တစ်ဆင့် နည်းမျိုးစုံ အသိပေးလာခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အားကောင်းလာပြီး စစ်ကောင်စီ အထိနာ လာပြီးနောက် ရေဦးမြို့မှ Non CDM ဝန်ထမ်းများ ဆက်တိုက်နှုတ်ထွက်စာ တင်လာသည်ဟု ဒေသခံများကပြောသည်။

ရေဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပညာရေးဌာနမှ ဝန်ထမ်း ၄၀ နီးပါးသည် ရာထူးတာဝန်မှနှုတ်ထွက်ကြောင်းကို ပြည်သူလူထုအား လူမှုကွန်ရက်မှ တစ်ဆင့် နည်းမျိုးစုံ အသိပေးလာခြင်းဖြစ်သည်။

“ဖေဖော်ဝါရီ ၇ ရက်ကနေစပြီး နှုတ်ထွက်စာတွေ တင်နေကြတာ။ အခုဆို နှစ်ရက်အတွင် ၄၀ ခန့်ရှိလာပြီ။ စစ်ကိုင်းမှာစစ်ကောင်စီရှုံးမှာကိုသိလို့ နှူတ်ထွက်နေကြတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်းအတွင်း ဒေသချင်းထိစပ်နေသော ရေဦး၊ မင်းကင်း၊ဒီပဲယင်း၊ကနီနှင့်တန့်ဆည်မြို့တို့တွင် အကြမ်းဖက်စစ်ကောင်စီက နည်းမျိုးစုံ စစ်ကြောင်း ထိုးနေသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက စနစ်တကျခုခံ တိုက်ခိုက် နေသည်။ အကြမ်းဖက်စစ်ကောင်စီအား အထိနာအောင် တိုက်ထုတ် နေသလို တစ်ချိန်တည်းတွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရား လည်ပတ်အောင် ကြိုးစား နေပြီး Non CDM ဝန်ထမ်းများ အပြီးပိုင် ထွက်ခွာသွားရန် ပြည်သူ့ကာကွယ် ရေးတပ်များကသတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တောင်သာမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ Non-CDM ဝန်ထမ်း၁၁ဦးကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ တော်လှန်ရေး တပ်တွေဆီကသိရပါတယ်။

နိုင်ငံတကာ

အမေရိကန် ပညာရေး ဝန်ကြီးဌာနဟာ ဝန်ထမ်းအင်အား စုစုပေါင်း ထက်ဝက်လောက်ကို လျှော့ချဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း ၊ မြင်းခြံခရိုင်ထဲက မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ လစာ ထုတ်မရ ဖြစ်နေတယ်လို့ အဲဒီဝန်ထမ်းအသိုင်းအဝိုင်းထံကသိရပါတယ်။