Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံခရိုင်ထဲက ဌာနဆိုင်ရာ ဝန်ထမ်းတွေ လစာထုတ်မရဖြစ်နေ

မန္တလေးတိုင်း ၊ မြင်းခြံခရိုင်ထဲက မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ လစာ ထုတ်မရ ဖြစ်နေတယ်လို့ အဲဒီဝန်ထမ်းအသိုင်းအဝိုင်းထံကသိရပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ မြင်းခြံခရိုင်ထဲက မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ လစာ ထုတ်မရ ဖြစ်နေတယ်လို့ အဲဒီဝန်ထမ်းအသိုင်းအဝိုင်းထံကသိရပါတယ်။

သြဂုတ်လ ၁၀ ရက်ကစတင်ပြီး မြင်းခြံ၊နွားထိုးကြီးနဲ့တောင်သာမြို့တွေမှာ စစ်ကောင်စီတပ် နေရာယူတပ်စွဲထားရာနေရာတွေ ကိုတော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်တာခံရပြီးနောက် အဲဒီမြို့တွေမှာ စစ်ကောင်စီ ရဲ့အုပ်ချုပ်ရေးယန္တယား ရပ်တန့်သွားတာပါ။

Public Service Announcement

Public Service Announcement

ဒါကြောင့် ဌာနဆိုင်ရာဝန်ထမ်းတွေကို လစာထုတ်ပေးနေတဲ့ မြန်မာ့စီးပွားရေးဘဏ်ခွဲတွေလည်း ဆက်မဖွင့်တော့ဘဲ ရပ်ဆိုင်းသွားတဲ့အတွက် လစာထုတ်မရဖြစ်နေတာလို့ ဝန်ထမ်းအသိုင်းအဝိုင်းကဆိုပါတယ်။

စစ်ကောင်စီကတော့ မြန်မာ့စီးပွားရေးဘဏ်ခွဲ ပိတ်ထားရချိန်မှာ လစာ ထုတ်လိုရင်ပုဂ္ဂလိက ဘဏ်တွေမှာ ငွေစာရင်းအကောင့် ဖွင့်ထားဖို့ ညွှန်ကြားထားတယ်လို့သိရပါတယ်။

“ရွာဘက်မှာတာဝန်ကျတဲ့သူတွေက မလွယ်ဘူးလေ၊ သွားလာရေးလည်း မလွယ်ကူတော့ ကိုယ်တိုင် ကိုယ်ကျထုတ်မှရမှာဆိုတော့ ပိုဆိုးတာပေါ့ “လို့ ပညာရေး ဝန်ထမ်းတစ်ဦးကပြောပါတယ်။

လက်ရှိအခြေအနေမှာ တိုက်ပွဲတွေ ဖြစ်ပြီးနောက် မြင်းခြံ ၊ တောင်သာ ၊ နွားထိုးကြီး နဲ့ ငါးဇွန်မြို့နယ်တွေက ဌာနဆိုင်ရာရုံးတွေ အားလုံးနီးပါး ပိတ်ထားရသလို ဝန်ထမ်းတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ သိမ်းယူလိုက်တဲ့ မြို့တွေမှာ တာဝန်ကျ တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကိုလည်း စစ်ကောင်စီက လစာဆက်မပေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတဝှမ်းက မြို့ ပေါင်း ၈၀ နီးပါးကိုလက်လွှတ်လိုက်ရပြီး အဲဒီမြို့တွေမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယား လည်ပတ်မှုလည်းချုပ်ငြိမ်း သွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ် နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်မှုအတွင်း အချုပ်ဖောက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် ၄ဦး နေရာတွင်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တတလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်တပ်နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့တဲ့ကား တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် မြင်းခြံမြို့နယ်အရှေ့ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။