Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်လက်ချက်ကြောင့် ကရင်နှင့် ချင်း၌ ပြည်သူအချို့ ထပ်မံသေဆုံး

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း၌လည်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ တစ်ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

(ယခုရက်ပိုင်းအတွင်း စစ်​ကောင်စီတပ်က မင်းတပ်မြို့နယ်ရှိ ​ကျေးရွာ​နေအိမ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ကြောင့် ပျက်စီး​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့)

အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့ကြောင့် ကချင်နှင့် ချင်းပြည်နယ်၌ အရပ်သားအချို့ သေဆုံးထိခိုက်မှု ထပ်မံဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံတိုင်းရင်းသားလက်နက်ကိုင်တပ်များက ထုတ်ပြန်သည်။

(ယခုရက်ပိုင်းအတွင်း စစ်​ကောင်စီတပ်က မင်းတပ်မြို့နယ်ရှိ ​ကျေးရွာ​နေအိမ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ကြောင့် ပျက်စီး​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့)

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့နယ်ထဲရှိ ကျေးရွာများဘက်သို့ အဝေးပစ်တာဝေးလက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့မှုများ လုပ်ဆောင်နေ၍ အရပ်သား ပြည်သူများ၏ နေအိမ်များ ပျက်စီးမှုဖြစ်ပေါ်လျက်ရှိကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့ပြင် ဖေဖော်ဝါရီ ၇ရက်၌ မတူပီမှ မင်းတပ်မြို့သို့ ပြန်လာသည့် စစ်ကောင်စီယာဉ်တန်းက ပစ်ခတ်၍အလယ်တန်းကျောင်းသား စစ်ရှောင်ကလေးငယ် တစ်ဦး လက်နက်ကြီးထိမှန်ကာ နေရာတွင်သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း၌လည်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ တစ်ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ၆ရက်က လမ်းကင်းတပ်ဝန်ကျ စစ်ကောင်စီတပ်များ ဖာပွန်ခရိုင် ထွီသီးအူ(ခွေးသေ)ရွာသို့ ဝင်လာစဉ် ရွာသားမိသားစုက ရွာအပြင်သို့ တိမ်းရှောင်ရာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်၍ အသက်(၆၁)နှစ်အရွယ်အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း၊ ၎င်း၏ မိသားစုဝင်များမှာ ထွက်ပြေးလွတ် မြောက်သွားကြောင်း ဖော်ပြထားသည်။

(ယခုရက်ပိုင်းအတွင်း စစ်​ကောင်စီတပ်က မင်းတပ်မြို့နယ်ရှိ ​ကျေးရွာ​နေအိမ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ကြောင့် ပျက်စီး​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့)

ဖေဖော်ဝါရီ ၈ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီ ၏ တောင်သုံးလုံးစခန်းနှင့် ထွီသီးအူ(ခွေးသေ)စခန်းမှ လက်နက်ကြီးများဖြင့် ဒေသတွင်းကျေးရွာများအတွင်း ပစ်ခတ်ခဲ့၍ အပြစ်မဲ့ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။