Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင် ဆန့်ကျင်တွန်းလှန်မှု၌ ကရင်တစ်မျိုးသားလုံး၏ ကူညီပံ့ပိုးမှု၊ ပါဝင်ဦးဆောင်မှုအပေါ် ကျေးဇူးတင်ကြောင်း NUGသဝဏ်လွှာပို့

ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အတူတကွ ပူးပေါင်းလက်တွဲ၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်တိုက်ပွဲဝင်လျက်ရှိကြသော ဖြောင့်မတ် တည်ကြည်သတ္တိကြီးသည့် ကရင်တစ်မျိုးသားလုံး၏ စွမ်းရည်ကိုလည်း အထူးအလေးထား အားကိုးကြောင်းလည်း ဖော်ပြထားသည်။

(၂၀၂၂ ဖေဖော်ဝါရီ ၁၁ရက်တွင် ကျရောက်သော (၇၄)နှစ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနားကို ကေအဲန်ယူနယ်မြေ မဲ့ဝါးကလိုးတွင် ကျင်းပပြုလုပ်​နေစဥ်၊ Photo - CJ)

စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီး ပြည်သူလူထုနှင့် တစ်သားတည်းရပ်တည်ကာ နိုင်ငံရေးနှင့် တော်လှန်ရေး ကဏ္ဍများတွင် ဦးဆောင်မှုပြုနေကြသည့် ကရင်တိုင်းရင်းသားခေါင်းဆောင်များနှင့် အဖွဲ့အစည်းများကို အစဉ်လေးစားကျေးဇူးတင်လျက်ရှိကြောင်း ယနေ့ကျရောက်သည့် (၇၄)နှစ်မြောက် ကရင်အမျိုးသားနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဝဏ်လွှာပေးပို့ ပြောကြားသည်။

ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အတူတကွ ပူးပေါင်းလက်တွဲ၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်တိုက်ပွဲဝင်လျက်ရှိကြသော ဖြောင့်မတ် တည်ကြည်သတ္တိကြီးသည့် ကရင်တစ်မျိုးသားလုံး၏ စွမ်းရည်ကိုလည်း အထူးအလေးထား အားကိုးကြောင်းလည်း ဖော်ပြထားသည်။

(၂၀၂၂ ဖေဖော်ဝါရီ ၁၁ရက်တွင် ကျရောက်သော (၇၄)နှစ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနားကို ကေအဲန်ယူနယ်မြေ မဲ့ဝါးကလိုးတွင် ကျင်းပပြုလုပ်​နေစဥ်၊ Photo – CJ)

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတည်ထောင်ရန်အတွက် အရေးကြီးလှသည့် ယနေ့အချိန် ကာလတွင် အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မ အာဏာ သိမ်းယူမှုကို နိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး ခုခံဆန့်ကျင် တွန်းလှန်လျက်ရှိရာ ကရင်တစ်မျိုးသားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဖေးမကူညီ ပံ့ပိုးခဲ့ကြသည်မှာ ကျေးဇူးတင်ဂုဏ်ယူဖွယ်ရာ ကောင်းလှကြောင်း သဝဏ်လွှာ၌ ပါရှိသည်။

ပြည်ထောင်စုကြီး ရင်ဆိုင်နေရသည့် လက်ရှိနိုင်ငံရေးအကျပ်အတည်းများကို အောင်မြင်စွာ ကျော်လွှားပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ဖြစ်ထွန်းပေါ်ပေါက်လာရေး အရေးတော်ပုံခရီးလမ်းတွင် ကရင် တိုင်းရင်းသား သွေးချင်းများအပါအဝင် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ဟန်ချက်ညီညီ စည်းစည်းလုံးလုံး လျှောက်လှမ်းကြပါစို့ဟုလည်း NUGက တိုက်တွန်းခဲ့သည်။

Public Service Announcement

Public Service Announcement

(၂၀၂၂ ဖေဖော်ဝါရီ ၁၁ရက်တွင် ကျရောက်သော (၇၄)နှစ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနားကို ကေအဲန်ယူနယ်မြေ မဲ့ဝါးကလိုးတွင် ကျင်းပပြုလုပ်​နေစဥ်၊ Photo – CJ)

တန်းတူညီမျှရေးနှင့် ဖက်ဒရယ်စနစ် ပီပီပြင်ပြင် ပေါ်ပေါက်လာရေးအတွက် တော်လှန်တိုက်ပွဲဝင်ရင်း အသက် အိုးအိမ်စည်းစိမ်များ ရင်းနှီးပေးဆပ်ခဲ့ကြရသည့် ကရင်အမျိုးသား ခေါင်းဆောင်ကြီးများ၊ ကရင့်အာဇာနည် သူရဲကောင်းရဲဘော်များ အားလုံးကိုလေးစားအသိအမှတ်ပြုကြောင်းနှင့် စွန့်လွှတ်အနစ်နာခံ ပေးဆပ်ခဲ့ကြသည့် သွေးချင်းကရင်မိသားစုဝင်များအားလုံးကို ဦးညွှတ်ဂုဏ်ပြုကြောင်းလည်းသဝဏ်လွှာတွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေက စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။