Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင် ဆန့်ကျင်တွန်းလှန်​ရေးတွင် ကရင်တမျိုးသားလုံး၏ ကူညီပံ့ပိုးမှု၊ ပါဝင်ဦးဆောင်မှု အပေါ် ကျေးဇူးတင်ကြောင်း NUGသဝဏ်လွှာပို့

ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အတူတကွ ပူးပေါင်းလက်တွဲ၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်တိုက်ပွဲဝင်လျက်ရှိကြသော ဖြောင့်မတ် တည်ကြည်သတ္တိကြီးသည့် ကရင်တစ်မျိုးသားလုံး၏ စွမ်းရည်ကိုလည်း အထူးအလေးထား အားကိုးကြောင်းလည်း ဖော်ပြထားသည်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ပြည်သူလူထုနှင့် တစ်သားတည်းရပ်တည်ကာ နိုင်ငံရေးနှင့် တော်လှန်ရေး ကဏ္ဍများတွင် ဦးဆောင်မှုပြုနေကြသည့် ကရင်တိုင်းရင်းသားခေါင်းဆောင်များနှင့် အဖွဲ့အစည်းများကို အစဉ်လေးစားကျေးဇူးတင်လျက်ရှိကြောင်း ယနေ့ကျရောက်သည့် ၇၄နှစ်မြောက် ကရင်အမျိုးသားနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဝဏ်လွှာပေးပို့ ပြောကြားသည်။

ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အတူတကွ ပူးပေါင်းလက်တွဲ၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်တိုက်ပွဲဝင်လျက်ရှိကြသော ဖြောင့်မတ် တည်ကြည်သတ္တိကြီးသည့် ကရင်တစ်မျိုးသားလုံး၏ စွမ်းရည်ကိုလည်း အထူးအလေးထား အားကိုးကြောင်းလည်း ဖော်ပြထားသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတည်ထောင်ရန်အတွက် အရေးကြီးလှသည့် ယနေ့အချိန် ကာလတွင် အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မ အာဏာသိမ်းယူမှုကို နိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး ခုခံဆန့်ကျင် တွန်းလှန်လျက်ရှိရာ ကရင်တစ်မျိုးသားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဖေးမကူညီ ပံ့ပိုးခဲ့ကြသည်မှာ ကျေးဇူးတင် ဂုဏ်ယူဖွယ်ရာ ကောင်းလှကြောင်း သဝဏ်လွှာ၌ ပါရှိသည်။

ပြည်ထောင်စုကြီး ရင်ဆိုင်နေရသည့် လက်ရှိနိုင်ငံရေးအကျပ်အတည်းများကို အောင်မြင်စွာ ကျော်လွှားပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ဖြစ်ထွန်းပေါ်ပေါက်လာရေး အရေးတော်ပုံခရီးလမ်းတွင် ကရင် တိုင်းရင်းသား သွေးချင်းများအပါအဝင် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ဟန်ချက်ညီညီ စည်းစည်းလုံးလုံး လျှောက်လှမ်းကြပါစို့ဟုလည်း NUGက တိုက်တွန်းခဲ့သည်။

Public Service Announcement

Public Service Announcement

တန်းတူညီမျှရေးနှင့် ဖက်ဒရယ်စနစ် ပီပီပြင်ပြင် ပေါ်ပေါက်လာရေးအတွက် တော်လှန်တိုက်ပွဲဝင်ရင်း အသက် အိုးအိမ်စည်းစိမ်များ ရင်းနှီးပေးဆပ်ခဲ့ကြရသည့် ကရင်အမျိုးသား ခေါင်းဆောင်ကြီးများ၊ ကရင့်အာဇာနည် သူရဲ ကောင်းရဲဘော်များ အားလုံးကို လေးစားအသိအမှတ်ပြုကြောင်း နှင့် စွန့်လွှတ်အနစ်နာခံ ပေးဆပ်ခဲ့ကြသည့် သွေးချင်းကရင်မိသားစုဝင်များအားလုံးကို ဦးညွှတ်ဂုဏ်ပြုကြောင်းလည်းသဝဏ်လွှာတွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။