Connect with us

Hi, what are you looking for?

News

တန်ဆည်တွင် အိမ်များဖျက်ဆီးပြီးပြန်လာ​ သောစစ်​ကောင်စီတပ် မိုင်းပ​ဒေသာမိ၍ ၁၀ဦး​ထက်မနည်းသေဆုံး

တန့်ဆည်မြို့ ပေချောင်နှင့် ခရုတောကျေးရွာများကို စစ်ကြောင်းထိုးပြီး ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၁၁ရက်)နေ့လယ်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တန့်ဆည်မြို့တွင် ပြည်သူလူထူနေအိမ်များအား စစ်ကြောင်းထိုးဖျက်ဆီးပြီး ပြန်လာသော အကြမ်းဖက်စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းပ​ဒေသာခွဲတိုက်ခိုက်ရာ ဆယ်ဦးထက်မနည်း သေဆုံးသွား​ကြောင်း သတင်းရရှိသည်။

တန့်ဆည်မြို့ ပေချောင်နှင့် ခရုတောကျေးရွာများကို စစ်ကြောင်းထိုးပြီး ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၁၁ရက်)နေ့လယ်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စစ်ခွေးတွေ စုစုပေါင်း ၁၁၄ကောင် ခြေလျင်တက်လာတာ။ မိုင်းပဒေ သာဆင်ပြီး ခွဲတာ။ ဆယ်ကောင်ထက်မနည်းသေတယ်။ ကျွန်တော်တို့ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်” ဟု တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကPeople’s Spring သို့ပြောသည်။

တန့်ဆည်တွင် ယနေ့ စစ်ကောင်စီအား အထိနာအောင်တိုက်ခိုက်ခဲ့သလို အနီးဝန်းကျင်မြို့များဖြစ်သည့် ယင်းမာပင်၊ဒီပဲယင်း၊ ကနီမြို့နှင့် ပုလဲမြိုတို့တွင်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလုံခြုံရေးစောင့်ပေးကာလူထုသပိတ်များ မြိုင်မြိုင်ဆိုင်ဆိုင်ပြုလုပ်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်