Connect with us

Hi, what are you looking for?

ဗီဒီယို

လွတ်ငြိမ်းခွင့်ကြေညာထားလို့ မိသားစုဝင်တွေ အကျဥ်းထောင်ရှေ့စောင့်နေ

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကျဥ်းထောင်တွေကနေ လွတ်ငြိမ်းခွင့် ၈၁၄ ဦးပေးမယ်လို့ စစ်ကောင်စီကကြေညာထားတာပါ။

စစ်ကောင်စီက ပြည်ထောင်စုနေ့ အထိမ်းအမှတ် လွတ်ငြိမ်းခွင့်ပေးမယ်လို့ ကြေညာထားတာကြောင့် အင်းစိန်ထောင်ရှေ့မှာ မိသားစုဝင်အချို့လာရောက်စောင့်ဆိုင်းနေကြပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကျဥ်းထောင်တွေကနေ လွတ်ငြိမ်းခွင့် ၈၁၄ ဦးပေးမယ်လို့ စစ်ကောင်စီကကြေညာထားတာပါ။

ဒီကနေ့လွတ်ငြိမ်းစာရင်းမှာ ပုဒ်မ ၅၀၅ နဲ့ မတရားပုဒ်မတပ်ပြစ်ဒဏ်ချမှတ်ခံရတဲ့ နာမည်ကြီး အနုပညာရှင်တွေလည်း ပါဝင်နိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့။ အညာရဲ့ရာသီဥတုဟာ သိသိသာသာကြီးကို ပူပြင်းနေခဲ့တယ်။ ခြေထောက်တွေဆိုရင် ဖိန်းလို့ရှိန်းလို့။ မနက်လင်းကတည်းက ကျနော်ဟာ သွားလေရာ ဖုန်းတပွတ်ပွတ်နဲ့ အိန္ဒြေမရခဲ့ဘူး။ ဒီနေ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို နေအိမ်အကျယ်ချုပ်ပြောင်းမယ်ဆိုတဲ့သတင်းတွေ ထွက်နေတာမို့ သေချာတဲ့သတင်း တွေ့ရနိုး တွေ့ရနိုးနဲ့ မျှော်နေခဲ့တာပါ။

နိုင်ငံတကာ

အာဏာသိမ်းမှုနောက်ပိုင်း လူငယ်လူရွယ် နိုင်ငံရေး အကျဉ်းသား ၇၄ ဦးထက်မနည်းဟာ စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်မှုအတွင်း ကျဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

အခုနှစ် ၂ လတာကာလအတွင်း အကျဉ်းထောင်တွေမှာ သေဆုံးရတဲ့ နိုင်ငံရေးအကျဉ်း သား ၄ ဦးထိ ရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရသိရပါတယ်။

သတင်း

မန္တလေးအိုးဘိုအကျဥ်းထောင်မှာ ထောင်ဝန်ထမ်းတွေက နိုင်ငံ​ရေးအကျဥ်းသူ တဦးကိုရုံးထုတ်ချိန်မှာအချင်းချင်းနှုတ်ဆက်လို့ဆိုပြီးဝိုင်းဝန်းရိုက်နှက်ခဲ့မှုအပေါ် သက်သေလိမ်လည်ထွက်ဆိုပေးကြဖို့ မြင်​တွေ့တဲ့အကျဥ်းသူတွေကိုဖိအားပေးနေတယ်လို့ အကျဥ်းထောင်အတွင်းကပေးပို့လာတဲ့သတင်းတွေအရသိရပါတယ်။