Connect with us

Hi, what are you looking for?

News

တရုတ်ဓါတ်​ငွေ့ပိုက်လိုင်း ကင်းစခန်းနှင့်ယုန်တိုး​တောင်အနီး လှည့်ကင်းကို PDFတိုက်ခိုက်၊ စစ်သားအနည်းဆုံးနှစ်ဦး​သေ

“စကစဘက်က ထိခိုက်မှုတော့ မသိရသေးဘူး။ အုတ်နံရံတစ်ခြမ်းတော့ ပဲ့ထွက်သွားတယ်လို့ပြောတယ်ဗျ”ဟု ၎င်းက ပြောသည်။ တရုတ်ဓါတ်​ငွေ့ပိုက်လိုင်းကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ ပိုက်လိုင်း​စောင့် အကြမ်းဖက်စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ခြင်းဖြစ်​ကြောင်းလည်း သိရသည်။

မန္တလေးတိုင်း ​နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသော ယုန်တိုးတောင်အနီးနှင့် တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကင်းစခန်းများအားပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ ရက်)ညနေ ၃း၃၀ ခန့်က နွားထိုးကြီးနှင့် မြင်းခြံနယ်စပ်ရှိ ယုန်တိုးတောင်အနီးတွင် ဆိုင်ကယ်များဖြင့် ကင်းလှည့်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့သည်။ထိုတိုက်ခိုက်မှုတွင် ဆိုင်ကယ် ၄ စီး၊ ငှက်ကြီးတောင် ဓါး ၁ ချောင်း သိမ်းဆည်းရမိပြီး ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း နွားထိုးကြီး PDFက အသိပေးသည်။

“ယုန်ထိုးတောင်ပေါ် ကင်းပတ်တာ။ ယုန်ထိုးတောင်နားမှာ တပ်စွဲထားတာရှိတယ်။ တပ်စခန်းကနေကင်းပတ်ဖို့ စထွက်လာတဲ့အချိန် တိုက်ပွဲဖြစ်တာ။”ဟု နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။စစ်​ကောင်စီတပ်မှ ​လက်နက်ကြီးဖြင့်ပစ်ခတ်၍ အ​လောင်း
နှင့်​သေနတ်များကိုပြန်​ကောက်သွားသဖြင့်​သေနတ်များမရလိုက်​ကြောင်းလည်းသိ့ရသည်။

ထိုအပြင် ယနေ့ (ဖေဖော်ဝါရီ၁၄ ရက်) နံနက် ၂ နာရီခန့်က နွားထိုးကြီးမြို့နယ်အတွင်းရှိ တရုတ် ဓာတ်ငွေ့ပိုက်လိုင်းစောင့်သည့် အကြမ်းဖက်စစ်ကောင်စီစခန်းတစ်ခုအား အဝေးပစ်နှစ်လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း နွားထိုးကြီး နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက လူထု​နွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

“စကစဘက်က ထိခိုက်မှုတော့ မသိရသေးဘူး။ အုတ်နံရံတစ်ခြမ်းတော့ ပဲ့ထွက်သွားတယ်လို့ပြောတယ်ဗျ”ဟု ၎င်းက ပြောသည်။ တရုတ်ဓါတ်​ငွေ့ပိုက်လိုင်းကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ ပိုက်လိုင်း​စောင့် အကြမ်းဖက်စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ခြင်းဖြစ်​ကြောင်းလည်း သိရသည်။

နွားထိုးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့သည် ဖေဖော်ဝါရီလ လဆန်းပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသော နွားထိုးကြီးမြို့နယ်၊လက်ဝဲမြင်းနီကျေးရွာရှိ အကြမ်းဖက်စစ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး လာရောက်စစ်ဆေးသည့်အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကိုပါ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။