Connect with us

Hi, what are you looking for?

News

ကိုးကန့်တပ် MNDAAခေါင်းဆောင် ဦးဖုန်ကြားရှင် ယနေ့ ကွယ်လွန်

၂၀၀၉ ခုနှစ်တွင် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံသည့် အခြေအနေ၌ MNDAA သည် မူးယစ်ဆေးဝါးချက်လုပ်ကာ လက်နက်စက်ရုံတည်ထောင်သည်ဟုဆိုပြီး စစ်တပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး MNDAAအခြေချရာဒေသကို စစ်တပ်က ထိန်းချုပ်ခဲ့သည်။

မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) တည်ထောင်ခဲ့သူ ဦးဖုန်ကြားရှင်သည် ယနေ့ နံနက်ပိုင်း၌ကွယ်လွန်သွားပြီဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ဒီမနက် ၅နာရီခွဲလောက်မှာ ဆုံးသွားတယ်ဆိုတဲ့ သတင်းလောက်တော့ ကြားပါတယ်”ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးကလည်း ဦးဖုန်ကြားရှင်(ဖုန်ကြားစင်း) ကွယ်လွန်ကြောင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။

ဦးဖုန်ကြားရှင်သည် ကွယ်လွန်ချိန်၌ အသက် (၉၄) နှစ်အရွယ် ရှိပြီဟုဆိုသည်။

Public Service Announcement

Public Service Announcement

ဦးဖုန်ကြားရှင် ဗမာပြည်ကွန်မြူနစ်ပါတီ(CPB) တပ်မှူးတစ်ဦးဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် ဗကပမှခွဲထွက်ကာ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးရယူပြီး MNDAAကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ စစ်အစိုးရနှင့်နားလည်မှုယူပြီးနောက် ဦးဖုန်ကြားရှင်၏ MNDAA အခြေချသည့် လောက်ကိုင်ဒေသကို ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ(၁)အဖြစ် စစ်အစိုးရက သတ်မှတ်ပေးခဲ့သည်။

၂၀၀၉ ခုနှစ်တွင် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံသည့် အခြေအနေ၌ MNDAA သည် မူးယစ်ဆေးဝါးချက်လုပ်ကာ လက်နက်စက်ရုံတည်ထောင်သည်ဟုဆိုပြီး စစ်တပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး MNDAAအခြေချရာဒေသကို စစ်တပ်က ထိန်းချုပ်ခဲ့သည်။

၂၀၁၅တွင် MNDAA တပ်များ စစ်ရေးလှုပ်ရှားမှု ပြန်လည်ပြုလုပ်လာပြီး စစ်တပ်နှင့် တိုက်ပွဲပြင်းထန်ခဲ့သည်။ အဆိုပါ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အထိအခိုက် အကျအဆုံးများခဲ့သည်။ နောက်ပိုင်းတွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ကူအမြောက်အများသုံး၍ MNDAA တပ်များကို တိုက်ခိုက်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် MNDAAနှင့်စစ်ကောင်စီတပ်တို့သည် မုံးကိုးဒေသ၌ ၂၀၂၁ ဇူလိုင်လမှစ၍ လက်ရှိအချိန်ထိ တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး စစ်​ကောင်စီတပ်မှ​တိုက်​လေယာဥ်နှင့်ရဟတ်ယာဥ်များအသုံးပြုသည့်တိုင် စစ်​ကောင်စီတပ်ပင် ​သေဆုံးထိ့ခိုက်မှုများစွာဖြင့် အထိ့နာ​​နေသည်။ ထို့ပြင် လားရှိုး၊ ကွတ်ခိုင်၊ သိန္နီဒေသများ၌လည်း MNDAAနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့ မဟာမိတ်အချင်းချင်း ဆွေးနွေးအဖြေရှာဖို့ အထူးဒေသ(၁) ကျန်းမာရေးအင်အားစု၊ CDM ကျန်းမာရေးအင်အားစု (တအာင်းပြည်)၊ ကျန်းမာရေးမိသားစု(မန္တလေး)တို့က မေတ္တာရပ်ခံ ပန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ကွတ်ခိုင်မြို့နယ်နေရာအချို့မှာ ဒီက​နေ့မနက်ပိုင်းမှာ တအာင်းတပ်မတော်(TNLA)နဲ့ ကိုးကန့်တပ်မတော်(MNDAA)မဟာ မိတ်အချင်းချင်းတိုက်ပွဲစဖြစ်ကြောင်းဒေသစစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံအချို့ကပြောပါတယ်။