Connect with us

Hi, what are you looking for?

News

မိုးမောက်တွင် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

တိုက်ပွဲမှာ ၁နာရီခန့်ကြာမြင့်ခဲ့ကြောင်း ဖော်ပြထားပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ၊မရှိ ဖော်ပြမထားပေ။

ကချင်ပြည်နယ် မိုးမြောက်မြို့နယ်တွင် ကချင်လွတ်လပ် ရေးတပ်မတော်(KIA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

ဖေဖော်ဝါရီ ၁၇ရက် နေ့လည်ပိုင်းက မိုးမောက်မြို့အထက်၊ Kumbang Wawang နှင့် လုံဂျာဘွမ်ကြား တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မိုးမောက်တွင်တပ်စွဲထားသည့် ခ.မ.ရ (၄၃၇)တပ်မှ စစ်အင်အား၁၀၀ခန့်ဖြင့် KIA တပ်စွဲရာနေရာသို့ စစ်ရေးလှုပ်ရှားလာ၍ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲမှာ ၁နာရီခန့်ကြာမြင့်ခဲ့ကြောင်း ဖော်ပြထားပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ၊မရှိ ဖော်ပြမထားပေ။

ကချင်ပြည်နယ်အတွင်းသို့ စစ်ကောင်စီမှဆက်တိုက်စစ်ရေး လှုပ်ရှားလာသောကြောင့် မကြာခဏ တိုက်ပွဲဖြစ်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။