Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုးမောက်တွင် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

တိုက်ပွဲမှာ ၁နာရီခန့်ကြာမြင့်ခဲ့ကြောင်း ဖော်ပြထားပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ၊မရှိ ဖော်ပြမထားပေ။

ကချင်ပြည်နယ် မိုးမြောက်မြို့နယ်တွင် ကချင်လွတ်လပ် ရေးတပ်မတော်(KIA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

ဖေဖော်ဝါရီ ၁၇ရက် နေ့လည်ပိုင်းက မိုးမောက်မြို့အထက်၊ Kumbang Wawang နှင့် လုံဂျာဘွမ်ကြား တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မိုးမောက်တွင်တပ်စွဲထားသည့် ခ.မ.ရ (၄၃၇)တပ်မှ စစ်အင်အား၁၀၀ခန့်ဖြင့် KIA တပ်စွဲရာနေရာသို့ စစ်ရေးလှုပ်ရှားလာ၍ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲမှာ ၁နာရီခန့်ကြာမြင့်ခဲ့ကြောင်း ဖော်ပြထားပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ၊မရှိ ဖော်ပြမထားပေ။

ကချင်ပြည်နယ်အတွင်းသို့ စစ်ကောင်စီမှဆက်တိုက်စစ်ရေး လှုပ်ရှားလာသောကြောင့် မကြာခဏ တိုက်ပွဲဖြစ်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။