Connect with us

Hi, what are you looking for?

News

အာဆီယံအထူးကိုယ်စားလှယ် မတ်လတွင် မြန်မာသို့လာရောက်ရန် စီစဉ်

အဆိုပါခရီးစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး အတွက် အခြေအနေဖန်တီးပေးရန် အာဆီယံအထူးကိုယ်စားလှယ်က စစ်ကောင်စီကို တောင်းဆိုထားကြောင်း ဗီယက်နမ်သတင်းအေဂျင်စီ(VNA)က ဖော်ပြသည်။

▪️NUG နှင့်တွေ့ဆုံဆွေးနွေးရန် စစ်ကောင်စီကို တောင်းဆို၊ တွေ့ဆုံဆွေးနွေးရန် အကြမ်းဖက်စစ်ကောင်စီ၏ ခွင့်ပြုချက်မလိုဟု NUG ပြော

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Shokhonn သည် အာဆီယံအထူးကိုယ်စားလှယ်အဖြစ် လာမည့် မတ်လတွင် မြန်မာနိုင်ငံသို့လာရောက်ရန် စီစဉ်ထားကြောင်း ယမန်နေ့(ဖေဖော်ဝါရီ ၁၇ ရက်)တွင် ပြောသည်။

အဆိုပါခရီးစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး အတွက် အခြေအနေဖန်တီးပေးရန် အာဆီယံအထူးကိုယ်စားလှယ်က စစ်ကောင်စီကို တောင်းဆိုထားကြောင်း ဗီယက်နမ်သတင်းအေဂျင်စီ(VNA)က ဖော်ပြသည်။

၂၀၂၂ အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားသည် လက်ရှိတွင် တာဝန်နှင့်ယုံကြည်မှုကိုဆက်လက်ထိန်း သိမ်းရန် စစ်ကောင်စီနှင့်ဆက်လက်ဆက်သွယ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Prak Shokhonn က ဆိုသည်။

Public Service Announcement

Public Service Announcement

သို့သော် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် NUG နှင့် ဆက်သွယ်ဆွေးနွေးရန် အကြမ်းဖက်စစ်ကောင်စီ၏ ခွင့်ပြုချက်မလိုအပ်ဘဲ နည်းပညာခေတ်တွင် အချိန်မရွေး အွန်လိုင်းမှတဆင့် ဆက်သွယ်နိုင်ကြောင်း ပြောကြားထားသည်။

လက်ရှိကျင်းပဆဲ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာ့အကျပ်အတည်းဖြေရှင်းရေး အလေးထားဆွေးနွေး​နေပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအထူး ကိုယ်စားလှယ်အနေဖြင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နှင့်တွေ့ဆုံဆွေးနွေးရန် ယမန်နေ့က အဆိုပြုသည်။

အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ဧပြီက အာဆီယံခေါင်းဆောင်များချမှတ်ခဲ့သော ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖော်ခြင်းမရှိ၍ ၎င်း၏ နိုင်ငံခြား ရေးဝန်ကြီးကို လက်ရှိအစည်းအဝေးတွင် တက်ရောက်ခွင့်မပေးပေ။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းမှာ မြန်မာတွေပါတဲ့ ငါးဖမ်းလှေတစ်စီး နစ်မြုပ်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

Facebook