Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဆီယံအထူးကိုယ်စားလှယ် မတ်လတွင် မြန်မာသို့လာရောက်ရန် စီစဉ်

အဆိုပါခရီးစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး အတွက် အခြေအနေဖန်တီးပေးရန် အာဆီယံအထူးကိုယ်စားလှယ်က စစ်ကောင်စီကို တောင်းဆိုထားကြောင်း ဗီယက်နမ်သတင်းအေဂျင်စီ(VNA)က ဖော်ပြသည်။

▪️NUG နှင့်တွေ့ဆုံဆွေးနွေးရန် စစ်ကောင်စီကို တောင်းဆို၊ တွေ့ဆုံဆွေးနွေးရန် အကြမ်းဖက်စစ်ကောင်စီ၏ ခွင့်ပြုချက်မလိုဟု NUG ပြော

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Shokhonn သည် အာဆီယံအထူးကိုယ်စားလှယ်အဖြစ် လာမည့် မတ်လတွင် မြန်မာနိုင်ငံသို့လာရောက်ရန် စီစဉ်ထားကြောင်း ယမန်နေ့(ဖေဖော်ဝါရီ ၁၇ ရက်)တွင် ပြောသည်။

အဆိုပါခရီးစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး အတွက် အခြေအနေဖန်တီးပေးရန် အာဆီယံအထူးကိုယ်စားလှယ်က စစ်ကောင်စီကို တောင်းဆိုထားကြောင်း ဗီယက်နမ်သတင်းအေဂျင်စီ(VNA)က ဖော်ပြသည်။

၂၀၂၂ အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားသည် လက်ရှိတွင် တာဝန်နှင့်ယုံကြည်မှုကိုဆက်လက်ထိန်း သိမ်းရန် စစ်ကောင်စီနှင့်ဆက်လက်ဆက်သွယ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Prak Shokhonn က ဆိုသည်။

Public Service Announcement

Public Service Announcement

သို့သော် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် NUG နှင့် ဆက်သွယ်ဆွေးနွေးရန် အကြမ်းဖက်စစ်ကောင်စီ၏ ခွင့်ပြုချက်မလိုအပ်ဘဲ နည်းပညာခေတ်တွင် အချိန်မရွေး အွန်လိုင်းမှတဆင့် ဆက်သွယ်နိုင်ကြောင်း ပြောကြားထားသည်။

လက်ရှိကျင်းပဆဲ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာ့အကျပ်အတည်းဖြေရှင်းရေး အလေးထားဆွေးနွေး​နေပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအထူး ကိုယ်စားလှယ်အနေဖြင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နှင့်တွေ့ဆုံဆွေးနွေးရန် ယမန်နေ့က အဆိုပြုသည်။

အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ဧပြီက အာဆီယံခေါင်းဆောင်များချမှတ်ခဲ့သော ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖော်ခြင်းမရှိ၍ ၎င်း၏ နိုင်ငံခြား ရေးဝန်ကြီးကို လက်ရှိအစည်းအဝေးတွင် တက်ရောက်ခွင့်မပေးပေ။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။