Connect with us

Hi, what are you looking for?

News

မိုင်တဲတာဝါတိုင်စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNUနှင့် KRF ပူးပေါင်းတိုက်ခိုက်

စစ်ကောင်စီလက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် စစ်ကောင်စီ ​ထောက်တိုင်များအား ဆက်လက်၍ တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ်ကြောင်းလည်းကြေညာခဲ့သည်။

ဓာတ်ပုံ - KIC

▪️စစ်ကောင်စီဘက်မှ နှစ်ဦးနှင့်အထက် ဒဏ်ရာရဟုဆို

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာရှိ Mytel တာဝါတိုင် လုံခြုံရေးဆောင်ရွက်နေသော စစ်ကောင်စီတပ်များအား ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) နှင့် ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့သည်ဟု KRFက ထုတ်ပြန် သည်။

ဖေဖော်ဝါရီ ၂၀ရက်ညပိုင်းတွင် အဆိုပါ စစ်ကောင်စီတပ်များအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်သားနှစ်ဦးနှင့်အထက် ဒဏ်ရာရရှိကြောင်း ဖော်ပြထားပြီး ပူးပေါင်းအဖွဲ့မှ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

KRFအနေဖြင့် စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်၊အိုးအိမ်၊စည်းစိမ်ကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် စစ်ကောင်စီ ​ထောက်တိုင်များအား ဆက်လက်၍ တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ်ကြောင်းလည်းကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို