Connect with us

Hi, what are you looking for?

News

ဒီပဲယင်းမြို့နယ်တွင် ဆန်စပါးကားများပြန်လည်ဖြတ်သန်းခွင့်ပြုပြီး လုပ်ငန်းများ​နှောင့်​နှေး​စေခဲ့သဖြင့် PDFတောင်းပန်

တောင်သူလယ်သမားများနှင့် ဆန်စပါးကားလုပ်ငန်းလုပ်ကိုင်သူ ပြည်သူများသို့ ပိတ်ဆို့ထားသည့်လမ်းပိုင်းများတွင် ပြန်လည်ဖြတ်သန်းနိုင်ပြီဖြစ်ကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (ဖေဖော်ဝါရီ၂၁ ရက်) အသိပေးသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ဆန်စပါးကားများ ပြန်လည်ဖြတ်သန်းခွင့်ပြုလိုက်ပြီး ပြည်သူများ၏ လုပ်ငန်းကိစ္စများနှောင့်နှေးရခြင်းအပေါ် ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တောင်းပန်လိုက်သည်။

တောင်သူလယ်သမားများနှင့် ဆန်စပါးကားလုပ်ငန်းလုပ်ကိုင်သူ ပြည်သူများသို့ ပိတ်ဆို့ထားသည့်လမ်းပိုင်းများတွင် ပြန်လည်ဖြတ်သန်းနိုင်ပြီဖြစ်ကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (ဖေဖော်ဝါရီ၂၁ ရက်) အသိပေးသည်။

ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၁ ရက်ကာလအတွင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ အရပ်သားအယောင်ဆောင်လှုပ်ရှားမှုအချို့ကြောင့် မုံရွာ-ရေဦးကားလမ်းပိုင်းနှင့် ရွှေဘို-အရာတော်လမ်းပိုင်းတွင်ဆန်စပါးကားများဖြတ်သန်းမှုကို စစ်ရေးရည်ရွယ်ချက်ဖြင့် မလွှဲသာ မရှောင်သာ ပိတ်ဆို့ထားခဲ့ရကြောင်း၊ ထိုသို့ ပိတ်ဆို့ထားခဲ့မှုကြောင့် တောင်သူ လယ်သမား ကုန်သည်ပြည်သူများ၏ လုပ်ငန်း စီးပွားရေးအချို့နှောင့်နှေးခဲ့ရသည်များရှိခဲ့ရကြောင်း၊ ထို့အပြင် တော်လှန်ရေးအကျိုးစီးပွားနှင့် လုံခြုံရေးလိုအပ်ချက်များအရ စည်းကမ်းမလိုက်နာသည့် ကားအချို့ကို တားဆီးစစ်ဆေးခြင်းများလည်း ပြုလုပ်ခဲ့ရကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

အဆိုပါအခြေအနေများကြောင့် ပြည်သူလူထု စိတ်အနှောင့်အယှက်များဖြစ်ခဲ့ရခြင်း၊ လုပ်ငန်းကိစ္စများ နှောင့်နှေးရခြင်းအပေါ် ကျွန်ုပ်တို့ ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနှင့် အနူးအညွတ်တောင်းပန်လိုကြောင်း၊ လုံခြုံရေးလိုအပ်ချက်များအရ စုံစမ်းစစ်ဆေးမှုများပြုလုပ်စဥ် အပြုအမူ အပြောအဆို အားနည်းချက် အမှားအယွင်းများ ရှိပါကလည်း နားလည်ခွင့်လွှတ်ပေးကြပါရန် မေတ္တာရပ်ခံကြောင်း၊ အဆိုပါ ပိတ်ဆို့ထားသည့် လမ်းကြောင်းများကို ဖေဖော်ဝါရီ ၂၂ ရက်မှစ၍ ပြန်လည် ဖြတ်သန်းနိုင်ပြီဖြစ်ကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဖြတ်သန်းသွားလာရာတွင်မူ ကားများကို မိုးကာအုပ်မထားကြရန်၊ ကားမှန်များ ချထားကြရန်၊ အရေးပေါ် အခြေအနေမှလွဲ၍ သက်မှတ်ထားသည့်အချိန် အတွင်းသာ ဖြတ်သန်းသွားလာကြရန်နှင့် လိုအပ်သော စစ်ဆေးမှုများကို ကြည်ဖြူစွာ လက်ခံပေးကြရန်၊ ဇွတ်အတင်းမောင်းပြေးထွက်ပြေးခြင်းများမပြုလုပ်ကြရန် ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထပ်မံမေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။