Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာမြို့တွင် ဆန္ဒပြသူများကို စစ်​ကောင်စီတပ်ကအကြမ်းဖက်ဖြိုခွင်း ကိုယ်​ဝန်​ဆောင်အမျိုးသမီးတစ်ဦးကိုယ်ဝန်ပျက်ကျ

မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီသည် မြို့ပြပြောက်ကျားအဖွဲ့များ၏ တိုက်ခိုက်မှု မကြာခဏခံနေရ၍ ပြည်သူများအား မြို့တွင်းလှည့်လည်ကာ ပိုမိုတင်းကျပ်စွာစစ်ဆေးနေသည်။

●ပြည်သူ ၁၆ ဦးထက်မနည်းဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် အားလုံးစု​ဝေးနှစ်ခြောက်လုံးနေ့၌ ဆန္ဒပြပြည်သူများအား စစ်​ကောင်စီတပ်ကအကြမ်းဖက်လိုက်လံဖြိုခွင်းရာ ကိုယ်ဝန်ဆောင်အမျိုး သမီးတစ်ဦး ကိုယ်ဝန်ပျက်ကျသွားကြောင်း ဒေသခံများက ပြောသည်။

အားလုံးစု​ဝေး နှစ်​ခြောက်လုံးနေ့တွင် မုံရွာမြို့၌ ပြည်သူများက စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြခဲ့ရာ အကြမ်းဖက်စစ်တပ်မှအရပ်ဝတ်ကားများဖြင့် ပြည်သူများကို လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ ပစ်ခတ်ဖမ်းဆီးမှုများရှိခဲ့ပြီး ကျည်ထိမှန်သူများလည်းရှိကာ ဖမ်းဆီးခံရသူ ၁၆ဦးထက်မနည်းရှိကြောင်း မုံရွာအခြေစိုက် ချင်းတွင်းရိုးမစာမျက်နှာက ဖော်ပြသည်။ထိုအပြင်ယနေ့နံနက်အစောပိုင်းက သပိတ်ကိုအရပ်ဝတ်ကားများဖြင့် လိုက်လံဖြိုခွင်း၍ ထွက်ပြေးစဥ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဆိုင်ကယ်လူကြုံလိုက်ရန် ဆိုင်ကယ်​ပေါ်တက်စဥ် နှင်းဆီပန်းပွင့်ကိုင်ထားသောကြောင့် ဆိုင်ကယ်သမားကတွန်းချခဲ့သဖြင့် နေ့လယ်ပိုင်းတွင်ထိုအမျိုးသမီး ရင်သွေး ဆုံးရှုံးလိုက်ရကြောင်းသိ့ရသည်။

“မနက်ကိုယ်ဝန်ဆောင်သည်ကလေးပျက်ကျသွားပါတယ်။”ဟု ဆန္ဒပြရာတွင် ပါဝင်သူလူငယ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင်အကြမ်းဖက် စစ်​ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့်ဒဏ်ရာရရှိသူသုံးဦးထက်မနည်းရှိကြောင်း၊ စစ်တပ်က လူစုခွဲ အုပ်စုဖွဲ့၍ အရပ်ဝတ်များဝတ်ဆင်ပြီး ပြည်သူအသွင်ဆောင်ကာဖမ်းဆီးပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း ဒေသခံများက ပြောသည်။

မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီသည် မြို့ပြပြောက်ကျားအဖွဲ့များ၏ တိုက်ခိုက်မှု မကြာခဏခံနေရ၍ ပြည်သူများအား မြို့တွင်းလှည့်လည်ကာ ပိုမိုတင်းကျပ်စွာစစ်ဆေးနေသည်။

စစ်​ကောင်စီတပ်က အကြမ်းဖက်မှုများပြုလုပ်ခဲ့​သော်လည်း ယ​​နေ့နံနက်ပိုင်းတွင် မုံရွာသပိတ်ဦး​ဆောင်​ကော်မတီနှင့် ​ကျောင်းသားသမဂ္ဂတို့သည် စစ်အာဏာရှင်ပြုတ်ကျ​ရေး ဆန္ဒထုတ်​ဖော်ခဲ့ကြ​သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။