Connect with us

Hi, what are you looking for?

News

မုံရွာမြို့တွင် ဆန္ဒပြသူများကို စစ်​ကောင်စီတပ်ကအကြမ်းဖက်ဖြိုခွင်း ကိုယ်​ဝန်​ဆောင်အမျိုးသမီးတစ်ဦးကိုယ်ဝန်ပျက်ကျ

မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီသည် မြို့ပြပြောက်ကျားအဖွဲ့များ၏ တိုက်ခိုက်မှု မကြာခဏခံနေရ၍ ပြည်သူများအား မြို့တွင်းလှည့်လည်ကာ ပိုမိုတင်းကျပ်စွာစစ်ဆေးနေသည်။

●ပြည်သူ ၁၆ ဦးထက်မနည်းဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် အားလုံးစု​ဝေးနှစ်ခြောက်လုံးနေ့၌ ဆန္ဒပြပြည်သူများအား စစ်​ကောင်စီတပ်ကအကြမ်းဖက်လိုက်လံဖြိုခွင်းရာ ကိုယ်ဝန်ဆောင်အမျိုး သမီးတစ်ဦး ကိုယ်ဝန်ပျက်ကျသွားကြောင်း ဒေသခံများက ပြောသည်။

အားလုံးစု​ဝေး နှစ်​ခြောက်လုံးနေ့တွင် မုံရွာမြို့၌ ပြည်သူများက စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြခဲ့ရာ အကြမ်းဖက်စစ်တပ်မှအရပ်ဝတ်ကားများဖြင့် ပြည်သူများကို လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ ပစ်ခတ်ဖမ်းဆီးမှုများရှိခဲ့ပြီး ကျည်ထိမှန်သူများလည်းရှိကာ ဖမ်းဆီးခံရသူ ၁၆ဦးထက်မနည်းရှိကြောင်း မုံရွာအခြေစိုက် ချင်းတွင်းရိုးမစာမျက်နှာက ဖော်ပြသည်။ထိုအပြင်ယနေ့နံနက်အစောပိုင်းက သပိတ်ကိုအရပ်ဝတ်ကားများဖြင့် လိုက်လံဖြိုခွင်း၍ ထွက်ပြေးစဥ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဆိုင်ကယ်လူကြုံလိုက်ရန် ဆိုင်ကယ်​ပေါ်တက်စဥ် နှင်းဆီပန်းပွင့်ကိုင်ထားသောကြောင့် ဆိုင်ကယ်သမားကတွန်းချခဲ့သဖြင့် နေ့လယ်ပိုင်းတွင်ထိုအမျိုးသမီး ရင်သွေး ဆုံးရှုံးလိုက်ရကြောင်းသိ့ရသည်။

“မနက်ကိုယ်ဝန်ဆောင်သည်ကလေးပျက်ကျသွားပါတယ်။”ဟု ဆန္ဒပြရာတွင် ပါဝင်သူလူငယ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင်အကြမ်းဖက် စစ်​ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့်ဒဏ်ရာရရှိသူသုံးဦးထက်မနည်းရှိကြောင်း၊ စစ်တပ်က လူစုခွဲ အုပ်စုဖွဲ့၍ အရပ်ဝတ်များဝတ်ဆင်ပြီး ပြည်သူအသွင်ဆောင်ကာဖမ်းဆီးပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း ဒေသခံများက ပြောသည်။

မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီသည် မြို့ပြပြောက်ကျားအဖွဲ့များ၏ တိုက်ခိုက်မှု မကြာခဏခံနေရ၍ ပြည်သူများအား မြို့တွင်းလှည့်လည်ကာ ပိုမိုတင်းကျပ်စွာစစ်ဆေးနေသည်။

စစ်​ကောင်စီတပ်က အကြမ်းဖက်မှုများပြုလုပ်ခဲ့​သော်လည်း ယ​​နေ့နံနက်ပိုင်းတွင် မုံရွာသပိတ်ဦး​ဆောင်​ကော်မတီနှင့် ​ကျောင်းသားသမဂ္ဂတို့သည် စစ်အာဏာရှင်ပြုတ်ကျ​ရေး ဆန္ဒထုတ်​ဖော်ခဲ့ကြ​သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။