စစ်ကိုင်းတိုင်း ကောလင်းမြို့ ကျောက်ပြင်သာအုပ်စု ၊မင်းကုန်းကျေးရွာထိပ်တောင်ကုန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က သားမယားပြုကျင့်သတ်ဖြတ်ခဲ့သည့် အမျိုးသမီးနှစ်ဦး အပါအဝင် ပြည်သူလေးဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း Kawlin Revolutionက ထုတ်ပြန်သည်။
မြေပြင်သတင်းပေးပို့ချက်အရ ယနေ့(ဖေဖော် ဝါရီ ၂၃)တွင် ကောလင်းမြို့ ကျောက်ပြင်သာ အုပ်စု မင်းကုန်းရွာထိပ်တောင် ကုန်းတွင်ပြည်သူလေးဦးအသတ်ခံရခြင်းကို သိရှိခဲ့ခြင်း ဖြစ်သည်။

“ထွေအုပ်စာရေးမက CDMလုပ်ဖို့လာရှောင်နေတာကို ဒလန်သတင်းပေးက ခွေးစစ်အကြောင်း ကြားခေါ်ဖမ်းပြီး မိန်းကလေးတွေကို မုဒိန်းကျင့်ပြီး သတ်ထားခဲ့တယ်”ဟု Kawlin Revolution ကဆိုသည်။
ဓာတ်ပုံများအရ အသတ်ခံရသည် ပြည်သူလေးဦးတွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး သည် လက်ပြန်ကြိုးတုပ်ခံထားကာ မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်။

Public Service Announcement

ထို့အပြင် ဥမင်ကုန်းရွာမှ ပြည်သူတစ်ဦး၏ နေအိမ်မှာလည်း အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်သည့် ၆၀(မမ)လက်နက်ကြီးကြောင့် ပျက်စီးခဲ့သည်ဟုလည်း အသိပေးသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၂၂ ရက်)ကစ၍ ကောလင်းမြို့နယ်အတွင်း စစ်ကြောင်းစထိုးခဲ့သည့် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်ကြောင့် စစ်ရှောင်ပြည်သူ ၇,၀၀၀ ခန့်ရှိသည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။


















































