Connect with us

Hi, what are you looking for?

News

ကောလင်းနယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က အမျိုးသမီးနှစ်ဦးကို သားမယားပြုကျင့်သတ်ဖြတ်ထားသည့် ရုပ်အလောင်းအပါအဝင် အလောင်းလေးလောင်းတွေ့

“ထွေအုပ်စာရေးမက CDMလုပ်ဖို့လာရှောင်နေတာကို ဒလန်သတင်းပေးက ခွေးစစ်အကြောင်း ကြားခေါ်ဖမ်းပြီး မိန်းကလေးတွေကို မုဒိန်းကျင့်ပြီး သတ်ထားခဲ့တယ်”ဟု Kawlin Revolution ကဆိုသည်။

စစ်ကိုင်းတိုင်း ကောလင်းမြို့ ကျောက်ပြင်သာအုပ်စု ၊မင်းကုန်းကျေးရွာထိပ်တောင်ကုန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က သားမယားပြုကျင့်သတ်ဖြတ်ခဲ့သည့် အမျိုးသမီးနှစ်ဦး အပါအဝင် ပြည်သူလေးဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း Kawlin Revolutionက ထုတ်ပြန်သည်။

မြေပြင်သတင်းပေးပို့ချက်အရ ယနေ့(ဖေဖော် ဝါရီ ၂၃)တွင် ကောလင်းမြို့ ကျောက်ပြင်သာ အုပ်စု မင်းကုန်းရွာထိပ်တောင် ကုန်းတွင်ပြည်သူလေးဦးအသတ်ခံရခြင်းကို သိရှိခဲ့ခြင်း ဖြစ်သည်။

“ထွေအုပ်စာရေးမက CDMလုပ်ဖို့လာရှောင်နေတာကို ဒလန်သတင်းပေးက ခွေးစစ်အကြောင်း ကြားခေါ်ဖမ်းပြီး မိန်းကလေးတွေကို မုဒိန်းကျင့်ပြီး သတ်ထားခဲ့တယ်”ဟု Kawlin Revolution ကဆိုသည်။

ဓာတ်ပုံများအရ အသတ်ခံရသည် ပြည်သူလေးဦးတွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး သည် လက်ပြန်ကြိုးတုပ်ခံထားကာ မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဥမင်ကုန်းရွာမှ ပြည်သူတစ်ဦး၏ ​နေအိမ်မှာလည်း အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်သည့် ၆၀(မမ)လက်နက်ကြီးကြောင့် ပျက်စီးခဲ့သည်ဟုလည်း အသိပေးသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂၂ ရက်)ကစ၍ ကောလင်းမြို့နယ်အတွင်း စစ်ကြောင်းစထိုးခဲ့သည့် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်ကြောင့် စစ်ရှောင်ပြည်သူ ၇,၀၀၀ ခန့်ရှိသည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။