Connect with us

Hi, what are you looking for?

News

ရွှေဘိုနယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ် တိုက်ခိုက် မီးရှို့

​ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာခံတစ်ဦးကလည်း “လောင်တာကတော့ လောင်တာ ဟုတ်တယ်။ ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးဘူး”ဟု ပြောသည်။

▪️ရွာခံများ ထွက်ပြေးတိမ်းရှောင်​နေရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ ကျေးရွာအချို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှမစားရစ်ရွာကိုလည်း မီးရှို့ဖျက်ဆီးနေကြောင်း ရွှေဘိုမြေပြင်သတင်းအဖွဲ့က ဖော်ပြသည်။

“ဒီနေ့မနက် ၆နာရီဝန်ကျင်လောက်ရွှေဘိုအနောက်သီးလုံးကျေးရွာအနီနှမစားရစ်ရွာ ဇီးဖြူကုန်းရွာ လက်နက် ကြီးနဲ့ပစ် ဝင်နေပီးပြည်သူအားလုံးထွက်ပြေးနေကြောင်းသိရှိရ။ နှမစားရစ်ရွာမီး တင်ရှို့နေကြောင်းသိရှိရ။ အမျိူးသမီးတစ်ဦးလက်နက်ကြီးမှန်ပြီး သေဆုံးသွားကြောင်းသိရှိရ”ဟု ဖော်ပြထားသည်။

​ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာခံတစ်ဦးကလည်း “လောင်တာကတော့ လောင်တာ ဟုတ်တယ်။ ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးဘူး”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ဆိပ်ခွန်ကျေးရွာတွင်လည်း စစ်ကောင်စီတပ်က တပ်စွဲထား၍ ရွာခံအများစု တိမ်းရှောင်ထွက်ပြေးနေကြရကြောင်း ၎င်းကဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရွှေဘိုမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းရှိ ကျေးရွာအများအပြား ကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူလူထုပိုင်ပစ္စည်းများ လုယူခြင်း၊ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။