Connect with us

Hi, what are you looking for?

LuduNwayOo

News

ရွှေဘိုနယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ် တိုက်ခိုက် မီးရှို့

​ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာခံတစ်ဦးကလည်း “လောင်တာကတော့ လောင်တာ ဟုတ်တယ်။ ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးဘူး”ဟု ပြောသည်။

▪️ရွာခံများ ထွက်ပြေးတိမ်းရှောင်​နေရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ ကျေးရွာအချို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှမစားရစ်ရွာကိုလည်း မီးရှို့ဖျက်ဆီးနေကြောင်း ရွှေဘိုမြေပြင်သတင်းအဖွဲ့က ဖော်ပြသည်။

“ဒီနေ့မနက် ၆နာရီဝန်ကျင်လောက်ရွှေဘိုအနောက်သီးလုံးကျေးရွာအနီနှမစားရစ်ရွာ ဇီးဖြူကုန်းရွာ လက်နက် ကြီးနဲ့ပစ် ဝင်နေပီးပြည်သူအားလုံးထွက်ပြေးနေကြောင်းသိရှိရ။ နှမစားရစ်ရွာမီး တင်ရှို့နေကြောင်းသိရှိရ။ အမျိူးသမီးတစ်ဦးလက်နက်ကြီးမှန်ပြီး သေဆုံးသွားကြောင်းသိရှိရ”ဟု ဖော်ပြထားသည်။

​ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာခံတစ်ဦးကလည်း “လောင်တာကတော့ လောင်တာ ဟုတ်တယ်။ ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးဘူး”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ဆိပ်ခွန်ကျေးရွာတွင်လည်း စစ်ကောင်စီတပ်က တပ်စွဲထား၍ ရွာခံအများစု တိမ်းရှောင်ထွက်ပြေးနေကြရကြောင်း ၎င်းကဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရွှေဘိုမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းရှိ ကျေးရွာအများအပြား ကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူလူထုပိုင်ပစ္စည်းများ လုယူခြင်း၊ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။