Connect with us

Hi, what are you looking for?

News

မိုးဗြဲတွင် အရပ်သား ငါးဦးထက်မနည်းကို စစ်ကောင်စီတပ် ယနေ့ ပစ်သတ်ဟု PDF ​ပြော

မိုးဗြဲနယ်ရှိ ပြည်သူများအနေဖြင့် စစ်ဇုန်နယ်မြေများတွင် ဖြတ်သန်းသွားလာခြင်းကို ရှောင်ကျဉ်ပေးရန်နှင့် စစ်ရေးတင်းမာသည့် ကာလများတွင် ခရီးသွားလာခြင်း အထူးသတိထားရန်လည်း မိုးဗြဲ PDFက တိုက်တွန်းထားသည်။

(အသံတိတ်သပိတ်​နေ့တွင် ​တွေ့ရ​သော မိုးဗြဲမြို့တစ်​နေရာကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - မိုးဗြဲ PDF)

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲဒေသတွင် စစ်ကောင်စီတပ်မှ အင်အား ၅၀ခန့်ဖြင့် ထိုးစစ်ဆင်လျက်ရှိရာ လမ်းတစ်လျှောက် အရပ်သားများကို ပစ်ခတ်သတ်ဖြတ်မှုများ လုပ်ဆောင်နေကြောင်း မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

ယနေ့ (ဖေဖော်ဝါရီ ၂၇ရက်)နံနက်ပိုင်းမှစ၍ မိုးဗြဲမြို့နယ် လွယ်ယင်းမင်္ဂလာဘက်သို့ ထိုးစစ်ဆင်လျက်ရှိရာ လက်ရှိ အချိန်ထိ အရပ်သား ငါးဦးထက်မနည်းကို အကြမ်းဖက် စစ်ကောင်စီတပ်မှ ပစ်သတ်ခဲ့ကြောင်း မိုးဗြဲ PDFက ယနေ့ မွန်းလွဲ ၃နာရီခန့်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး အလွန်အကျွံပစ်ခတ်ထိုးစစ်ဆင်မှုများကြောင့် မိုးဗြဲနယ်ရှိ အရပ်သားပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ယနေ့တွင် ရိက္ခာ လာယူသော အရပ်သားများကို အကြမ်းဖက် စစ်တပ်မှ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ စစ်ကောင်စီတပ်အနေဖြင့် ယခင်ကလည်း ရိက္ခာပြန်ယူသည့် ဒီးမော့ဆို စစ်ရှောင်များကို ပစ်ခတ်သတ်ဖြတ် ခဲ့ခြင်းများ ရှိခဲ့ဖူးသည်။

မိုးဗြဲနယ်ရှိ ပြည်သူများအနေဖြင့် စစ်ဇုန်နယ်မြေများတွင် ဖြတ်သန်းသွားလာခြင်းကို ရှောင်ကျဉ်ပေးရန်နှင့် စစ်ရေးတင်းမာသည့် ကာလများတွင် ခရီးသွားလာခြင်း အထူးသတိထားရန်လည်း မိုးဗြဲ PDFက တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ပြောရေး ဆိုခွင့်ရှိသူတစ်ဦးကလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကို နေ့ရောညပါ လုပ်ဆောင်နေကြောင်း၊ ပြည်သူများကို လူသားတစ်ယောက်အနေဖြင့် စာနာထောက်ထားမှု မထားရှိတော့ဘဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ပြောကြားသည်။

“တိုက်ပွဲတွေ တောက်လျှောက်ရှိတယ်။ မနက်ရော နေ့လည်ရော ညရော တိုက်ပွဲ ဘယ်နှစ်ကြိမ်ဖြစ် တယ်ဆိုတဲ့ဟာကို လိုက်တွဲလို့မရတော့ဘူး။ ခဏနေ လေယာဉ်နဲ့ပစ်လိုက် ခဏနေ လက်နက်ကြီးနဲ့ပစ်လိုက်။ အဲဒီလိုမျိုးတွေ တောက်လျှောက်ဖြစ်နေတယ်”ဟု KNDF ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ