Connect with us

Hi, what are you looking for?

LuduNwayOo

News

အရာတော်နှင့်ဝက်လက်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ဒုအရာခံဗိုလ် အပါအဝင် ခုနစ်ဦးသေ

မိုင်းဆွဲခံရပြီးနောက် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများက လမ်းဘေးဝဲယာကို ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးသည်။

စစ်ကိုင်းတိုင်း အရာတော်နှင့် ဝက်လက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ခုနစ်ဦးသေဆုံးကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၂၈ ရက်) နံနက် ၉ နာရီခွဲခန့်တွင် အရာတော်မြို့နယ် ကူးတို့ကိုင်းကျေးရွာ နှင့် ဇံရစ်ကျေးရွာကြားတွင် ဆီကားဖြင့် လိုက်ပါလာသည့်အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ကားပေါ်မှအဆင်း၌ မိုင်းဆွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သား လေးဦး သေဆုံးခဲ့သည်။

ထို့နောက် နံနက် ၁၁နာရီခန့်တွင် ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာနှင့် သမ္မရိုးကျေးရွာ ကြားတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများနှင့် ရွှေပန်းကုံးကျေးရွာဘက်မှ ဆိုင်ကယ်သုံးစီးဖြင့်လာသည့် စစ်ကောင်စီ တပ်သား ငါးဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟုဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

ထိုဖြစ်စဥ်တွင် စစ်ကောင်စီတပ်မှ ဒုအရာခံဗိုလ်၊တပ်ကြပ်တစ်ဦးနှင့် တပ်သား ၏တစ်ဦး သေဆုံးကာ လေးဦးအပြင်းအထန်ဒဏ်ရာရသည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲခံရပြီးနောက် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများက လမ်းဘေးဝဲယာကို ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။