Connect with us

Hi, what are you looking for?

News

အရာတော်နှင့်ဝက်လက်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ဒုအရာခံဗိုလ် အပါအဝင် ခုနစ်ဦးသေ

မိုင်းဆွဲခံရပြီးနောက် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများက လမ်းဘေးဝဲယာကို ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးသည်။

စစ်ကိုင်းတိုင်း အရာတော်နှင့် ဝက်လက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ခုနစ်ဦးသေဆုံးကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၂၈ ရက်) နံနက် ၉ နာရီခွဲခန့်တွင် အရာတော်မြို့နယ် ကူးတို့ကိုင်းကျေးရွာ နှင့် ဇံရစ်ကျေးရွာကြားတွင် ဆီကားဖြင့် လိုက်ပါလာသည့်အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ကားပေါ်မှအဆင်း၌ မိုင်းဆွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သား လေးဦး သေဆုံးခဲ့သည်။

ထို့နောက် နံနက် ၁၁နာရီခန့်တွင် ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာနှင့် သမ္မရိုးကျေးရွာ ကြားတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများနှင့် ရွှေပန်းကုံးကျေးရွာဘက်မှ ဆိုင်ကယ်သုံးစီးဖြင့်လာသည့် စစ်ကောင်စီ တပ်သား ငါးဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟုဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

ထိုဖြစ်စဥ်တွင် စစ်ကောင်စီတပ်မှ ဒုအရာခံဗိုလ်၊တပ်ကြပ်တစ်ဦးနှင့် တပ်သား ၏တစ်ဦး သေဆုံးကာ လေးဦးအပြင်းအထန်ဒဏ်ရာရသည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲခံရပြီးနောက် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများက လမ်းဘေးဝဲယာကို ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။