Connect with us

Hi, what are you looking for?

News

ရန်ကုန်တွင် ယမန်​နေ့က တစ်ရက်တည်း မီး​ရှစ်ကြိမ်လောင်

မီး​လောင်မှုဖြစ်ပွား​သော မြို့နယ်များမှာ မင်္ဂလာဒုံ နှင့် ရွှေပြည်သာ မြို့နယ်များ၌ ကိုင်းတောမီးလောင်မှုသုံးကြိမ် ၊ တာမွေ ၊အင်းစိန်နှင့် တိုက်ကြီးမြို့နယ်တို့၌ နေအိမ်မီးလောင်မှုသုံးကြိမ်နှင့် လှိုင်သာယာ၊ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တို့၌ စက်ရုံမီးလောင်မှု နှစ်ကြိမ်ဖြစ်ခဲ့သည်။

(ဒဂုံမြို့သစ်ဆိပ်ကမ်းနှင့် လှိုင်သာယာမြို့နယ်တို့၌ မီး​လောင်မှုကို ငြှိမ်းသတ်​နေစဥ်)

▪️ယ​နေ့နံနက်တွင်လည်း နှစ်ကြိမ်မီး​လောင်မှုဖြစ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယ​မန်​နေ့(ဖေဖော်ဝါရီ ၂၈ရက်)က မီး​လောင်မှုရှစ်ကြိမ်ဖြစ်ခဲ့ကြောင်း မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မီး​လောင်မှုဖြစ်ပွား​သော မြို့နယ်များမှာ မင်္ဂလာဒုံ နှင့် ရွှေပြည်သာ မြို့နယ်များ၌ ကိုင်းတောမီးလောင်မှုသုံးကြိမ် ၊ တာမွေ ၊အင်းစိန်နှင့် တိုက်ကြီးမြို့နယ်တို့၌ နေအိမ်မီးလောင်မှုသုံးကြိမ်နှင့် လှိုင်သာယာ၊ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တို့၌ စက်ရုံမီးလောင်မှု နှစ်ကြိမ်ဖြစ်ခဲ့သည်။

(ဒဂုံမြို့သစ်ဆိပ်ကမ်းနှင့် လှိုင်သာယာမြို့နယ်တို့၌ မီး​လောင်မှုကို ငြှိမ်းသတ်​နေစဥ်)

ကိုင်းတောမီးလောင်မှုများအနက် နှစ်ခုကို မိနစ်ပိုင်းအတွင်းငြှိမ်းသတ်နိုင်ခဲ့ပြီး မင်္ဂလာဒုံမြို့နယ်၌ဖြစ်သည့် မီးလောင်မှုကို ၁နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

နေအိမ်မီးလောင်မှုများကို နာရီဝက်ခန့်အတွင်းမီးငြှိမ်းသတ်နိုင်ခဲ့ပြီး တာမွေ၌ဖြစ်သည့် မီးလောင်မှုကို Level-2 အဆင့်မီးငြှိမ်းသတ်ယာဉ်များစေလွှတ်ခဲ့ရသည်။

စက်ရုံမီးလောင်မှုနှစ်ခုအနက် လှိုင်သာယာမြို့နယ် စက်မှုဇုန်အပိုင်း (၄)၌ ဖြစ်သည့် မီးလောင်မှုကို Level-3 အဆင့်မီးငြှိမ်းသတ်ယာဉ်များ စေလွှတ်မီးငြှိမ်းခဲ့ရပြီး ၁နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စက်မှုဇုန် (၂)ရှိ လက်အိတ်စက်ရုံ မီးလောင်မှုကို Level -2 အဆင့်မီးငြှိမ်းသတ်ယာဉ်များစေလွှတ်မီးငြှိမ်းသတ်ခဲ့ရပြီး ၄နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထပ်မံထုတ်ပြန်ထားသည်။

(ဒဂုံမြို့သစ်ဆိပ်ကမ်းနှင့် လှိုင်သာယာမြို့နယ်တို့၌ မီး​လောင်မှုကို ငြှိမ်းသတ်​နေစဥ်)

အထက်ပါမီးလောင်မှုများ၏ မီးလောင်မှုအကြောင်း ရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့အနေဖြင့်ထုတ်ပြန်ထားခြင်းမရှိပေ။

ထို့အပြင် ရန်ကုန်မြို့၌ ယနေ့(မတ်လ၁ရက်)နံနက် ၆နာရီခန့်တွင် ရွှေပြည်သာမြို့နယ်မှ ​နေအိမ်တစ်လုံးနှင့် လှိုင်သာယာမြို့နယ်ရှိ စက်ရုံတစ်ရုံ မီးလောင်မှုဖြစ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ရွှေပြည်သာမြို့နယ်မှ နေအိမ်မီးလောင်မှုကို မိနစ်၃၀ ခန့်ကြာ မီးငြှိမ်းသတ်ခဲ့ရပြီး လှိုင်သာယာရှိ စက်ရုံမီးလောင်မှုကို Level -2အဆင့် မီးငြှိမ်းသတ်ယာဉ်များက ၁နာရီခန့် မီးငြှိမ်းသတ်ခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

နွေရာသီသို့ရောက်ရှိလာသည်နှင့်အမျှ မီးလောင်မှုဖြစ်စဉ်များ ယခင်ထက်များပြားလာသလို အချို့မီးလောင်မှုများသည် လျှပ်စစ်ဓာတ်အားမတည်ငြိမ်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ပြည်သူအချို့ကသုံးသပ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။