Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အငြင်းပွားစရာတွေ ဖြစ်ခဲ့တဲ့ Lego အရုပ်ပုံစံ သေနတ်အစစ်

Glock ပစ္စတို အမျိုးအစား သေနတ်ရဲ့ ကိုယ်ထည်ကို အဝါ၊ အစိမ်း၊ အနီ၊ အပြာ ရောင်စုံ Legoတုံးတွေနဲ့ တည်ဆောက်ထားသလို ပုံဖော်ထားတာ ဖြစ်ပြီး ကလေးကစားစရာ အရုပ်လေးနဲ့ တူနေပါတယ်။ ပစ်ခတ်မှုတွေကြောင့် ရာနဲ့ချီတဲ့ ကလေးငယ်တွေ သေဆုံးနေကြရတဲ့ အခြေအနေမျိုးမှာ အခုလို ဒီဇိုင်းနဲ့ သေနတ်မျိုး ရောင်းချတယ် ဆိုတာက လက်ခံနိုင်စရာ မဟုတ်ဘူးလို့ ယုံကြည်သူ အများအပြား ရှိနေပါတယ်။

အမေရိကန်က လက်နက် ကုမ္ပဏီ တစ်ခုဟာ ကလေး ကစားစရာ Lego အတုံးဆက် အရုပ်ပုံစံ တကယ့် သေနတ် အစစ်ကို ရောင်းချနေတဲ့အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Glock ပစ္စတို အမျိုးအစား သေနတ်ရဲ့ ကိုယ်ထည်ကို အဝါ၊ အစိမ်း၊ အနီ၊ အပြာ ရောင်စုံ Legoတုံးတွေနဲ့ တည်ဆောက်ထားသလို ပုံဖော်ထားတာ ဖြစ်ပြီး ကလေးကစားစရာ အရုပ်လေးနဲ့ တူနေပါတယ်။ ပစ်ခတ်မှုတွေကြောင့် ရာနဲ့ချီတဲ့ ကလေးငယ်တွေ သေဆုံးနေကြရတဲ့ အခြေအနေမျိုးမှာ အခုလို ဒီဇိုင်းနဲ့ သေနတ်မျိုး ရောင်းချတယ် ဆိုတာက လက်ခံနိုင်စရာ မဟုတ်ဘူးလို့ ယုံကြည်သူ အများအပြား ရှိနေပါတယ်။

အဲဒီ ပစ္စတို သေနတ်တွေကို Block19လို့ နာမည်ပေးထားပြီး Culper Precision ကုမ္ပဏီက တစ်လက်ကို ၅၄၉ ဒေါ်လာနဲ့ ၇၆၅ ဒေါ်လာကြား စျေးသတ်မှတ် ရောင်းချနေပါတယ်။ ကုမ္ပဏီက ဒီသေနတ်ဟာ ငယ်ဘဝက အိပ်မက်တွေ လက်တွေ့ ဖြစ်လာစေတဲ့ ဖန်တီးမှု တစ်ခုလို့ ညွှန်းဆိုထားပါတယ်။ သေနတ်တွေက ပျော်စရာကောင်းကြောင်း၊ ပစ်ခတ်နေရတာ ပျော်စရာဖြစ်ကြောင်း၊ ကျည်ဆန် အတောင့် ၃၀ ဆက်တိုက် ပစ်ခတ်နိင်တာလည်း ပျော်စရာဖြစ်ကြောင်း ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။ ဒါပေမဲ့ ဝေဖန်မှုတွေ ပြင်းထန်လာတဲ့နောက် အဲဒီ Postကို ပြန်ဖျက်လိုက်ပါတယ်။

ဒိန်းမတ် အခြေစိုက် Lego ကုမ္ပဏီကလည်း Culper Precisionဆီ အဲဒီ သေနတ်တွေ ဆက်မရောင်းဖို့ တရားဝင် စာပို့ပြီး တောင်းဆိုထားပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်မှာ ကလေးတွေက သေနတ်ကို မတော်တဆ ပစ်ခတ်မိတဲ့ ဖြစ်စဉ်ပေါင်း ၁၆၅ ခုထက်မနည်း ရှိခဲ့ပြီး မနှစ်ကလည်း အဲဒီလို မတော်တဆမှုတွေအတွင်း လူပေါင်း ၁၄၂ ဦး သေဆုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယူတားပြည်နယ် အခြေစိုက် Culper Precisionရဲ့ အမှုဆောင်ချုပ် ဘရန်ဒန် စကော့ လောလောဆယ် သေနတ် အလက် ၂၀ နီးပါး ရောင်းထွက်ထားပြီး Legoဆီက အသိပေး အကြောင်းကြားစာကို လက်ခံရရှိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ကုမ္ပဏီက Legoရဲ့ တောင်းဆိုမှုကို လေးစား လိုက်နာဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊ ဒါပေမဲ့ လူတိုင်းဟာ ကိုယ်ကိုင်မယ့် သေနတ်ကို ကိုယ်တိုင် စိတ်တိုင်းကျ ဒီဇိုင်းဖန်တီး ရွေးချယ်ခွင့်တော့ ရှိသင့်တယ်လို့ ယူဆကြောငး စကော့က ဆိုပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြည်တွင်းမှာ သေနတ်ကိုင် ရမ်းကား ပစ်ခတ်မှုတွေ ကပ်ရောဂါလို ကူးစက် ပျံ့နှံ့နေတာကို အစွမ်းကုန် တွန်းလှန် တိုက်ဖျက်သွားမယ်လို့ ကြွေးကြော်ထားတဲ့ အချိန်မှာပဲ ဒီလို အငြင်းပွားစရာတွေ ကြုံလာခဲ့တာပါ။ အမေရိကန် လွှတ်တော်ထဲမှာတော့ လက်နက် ကိုင်ဆောင်ခွင့် တင်းကျပ်ရေးနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေဆဲလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။