Connect with us

Hi, what are you looking for?

News

11BRFမှ မိုင်းတပ်သားတစ်ဦး စစ်​ကောင်စီတပ်ကို ခုခံရင်း ကျဆုံးခဲ့ရ

“သူက စခတွေ အလာမိုင်းထောင်တာ။ စခတွေက မိုင်းကိုကွင်းပြီး အထိုင်တပ်ထဲ ပြန်ရောက်သွားလို့ မိုင်းပြန်ဖြုတ်ရင်း မတော်တဆပေါက်ကွဲပြီး ကျဆုံးခဲ့ရတာ”ဟု PDF-TALOKE အဖွဲ့ တာဝန်ရှိသူက ပြောသည်။

မန္တလေးတိုင်း မြင်းခြံခရိုင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်ရန်ပြင်ဆင်ရင်း ပြည်သူ့ကာကွယ် ရေးအဖွဲ့ဝင် လူငယ်တစ်ဦး အသက်ပေးလှူသွားခဲ့သည်။

စစ်အာဏာရူးအုပ်စုအား အတူတကွတော်လှန်တိုက်ထုတ်နေသော ညီနောင်မဟာမိတ် 11 Brother Revolution Force (11BRF)အဖွဲ့မှ မိုင်းတပ်သား ရဲဘော်ဟိန်းဇင်ဖြိုး(ခေါင်းရှည်)သည် ဖေဖော်ဝါရီ ၂၈ ရက်က ကျဆုံးသွားခဲ့သောကြောင့် အထူးဝမ်းနည်းကြေကွဲခဲ့ရကြောင်း PDF-TALOKE အဖွဲ့မှ သတင်းထုတ်ပြန်သည်။

“သူက စခတွေ အလာမိုင်းထောင်တာ။ စခတွေက မိုင်းကိုကွင်းပြီး အထိုင်တပ်ထဲ ပြန်ရောက်သွားလို့ မိုင်းပြန်ဖြုတ်ရင်း မတော်တဆပေါက်ကွဲပြီး ကျဆုံးခဲ့ရတာ”ဟု PDF-TALOKE အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဖက်ဆစ်အာဏာရှင်စနစ်အား တော်လှန်တိုက်ခိုက်ရင်း သူရဲကောင်းပီသစွာကျဆုံးခဲ့ရသော ရဲဘော် ဟိန်းဇင်ဖြိုးအား ကျွန်ုပ်တို့ PDF-Talokeမှအလေးနီပြုကြောင်း၊ ရဲဘော်၏ မပြီးဆုံးသေးသော တော်လှန်ရေးတာဝန်များကို ရဲဘော်ကိုယ်စား အဆုံးတိုင် တာဝန်ယူထမ်းဆောင်သွားမည်ဟု ကတိပြုကြောင်း PDF-TALOKE အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၂၄ ရက်ကလည်း ရန်ကုန်မြို့တွင် YPDF (BaHan) ၏ ခေါင်းဆောင်ကိုဗိုလ်ထက်လင်းသည် လက်လုပ်ဗုံးဆင်ရင်း မတော်တဆပေါက်ကွဲမှုတွင် ဒဏ်ရာအပြင်းစားရ၍ ကျဆုံးသွားခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။