Connect with us

Hi, what are you looking for?

News

မတ္တရာနယ်တွင် စစ်ကောင်စီတပ်က သဖန်းကိုင်းရွာအနီးရှိ တဲများကိုမီးရှို့ပြီး ဆိုင်ကယ်များအပ်နှံခိုင်းနေဟုဒေသခံပြော

အင်အား ၅၀ခန့်ပါစစ်​ကောင်စီအဖွဲ့သည် မတ်လ ၂ရက် နေ့လယ်က သဖန်းကိုင်းရွာကိုရောက်ရှိပြီး ယနေ့နံနက်တွင် ရွာအနီးသို့ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ကာ ဒေသခံ တစ်ဦးကိုဖမ်းဆီးထားသည်ဟု ဆိုသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ် သဖန်းကိုင်းရွာသို့ ရောက်ရှိနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က အဆိုပါရွာအနီးရှိ တဲများကိုမီးရှို့နေပြီး ရွာသူ၊ရွာသားများအား ဆိုင်ကယ်များလာရောက်အပ်နှံခိုင်းနေကြောင်း မတ္တရာဒေသခံတစ်ဦးက သတင်းပေးပို့သည်။

အင်အား ၅၀ခန့်ပါစစ်​ကောင်စီအဖွဲ့သည် မတ်လ ၂ရက် နေ့လယ်က သဖန်းကိုင်းရွာကိုရောက်ရှိပြီး ယနေ့နံနက်တွင် ရွာအနီးသို့ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ကာ ဒေသခံ တစ်ဦးကိုဖမ်းဆီးထားသည်ဟု ဆိုသည်။

“ သဖန်းကိုင်း မြောက်ဘက်မှာရှိတဲ့ ဦးပေါလှိုင်ဆိုတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို ဖမ်းလာတယ်။ ပြီးတော့သဖိုင်းကိုင်း မြောက်ဘက်နဲ့အရှေ့ဘက်မှာ တောတိုက်တွေကတဲတွေကို မီးရှို့တာရှိတယ်။ လက်ရှိမီးရှို့နေတာပေါ့။ မီးရှို့တဲ့သူက ရှို့နေသလိုရှို့ထားခဲ့ပြီးတော့ရွာထဲ ပြန်ဝင်လာတယ်။ ပြန်ဝင်လာပြီး ရွာထဲမှာရှိတဲ့ဆိုင်ကယ်တွေ ကိုလာပို့ပါဆိုပြီးပို့ခိုင်းနေတယ်။ရွာထဲကလူတွေက လည်းရွာ ကိုမီးရှို့မှာစိုးတော့ ဆိုင်ကယ်လောက်နဲ့ဘာမှ မဖြစ်ဘူးဆိုပြီး ဆိုင်ကယ်တွေ သွားသွားပို့နေရတယ်။ ဆိုင်ကယ် အစီး ၂၀၊၂၅စီးလောက်ရသွားပြီပြောတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

ယခင်ကလည်း သဖန်းကိုင်းရွာရှိနေအိမ် ၁၀လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးဖူး၍ ဒေသခံများအနေဖြင့် ယခု ရွာမီးရှို့ခံရမည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။