Connect with us

Hi, what are you looking for?

LuduNwayOo

News

မတ္တရာနယ်တွင် စစ်ကောင်စီတပ်က သဖန်းကိုင်းရွာအနီးရှိ တဲများကိုမီးရှို့ပြီး ဆိုင်ကယ်များအပ်နှံခိုင်းနေဟုဒေသခံပြော

အင်အား ၅၀ခန့်ပါစစ်​ကောင်စီအဖွဲ့သည် မတ်လ ၂ရက် နေ့လယ်က သဖန်းကိုင်းရွာကိုရောက်ရှိပြီး ယနေ့နံနက်တွင် ရွာအနီးသို့ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ကာ ဒေသခံ တစ်ဦးကိုဖမ်းဆီးထားသည်ဟု ဆိုသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ် သဖန်းကိုင်းရွာသို့ ရောက်ရှိနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က အဆိုပါရွာအနီးရှိ တဲများကိုမီးရှို့နေပြီး ရွာသူ၊ရွာသားများအား ဆိုင်ကယ်များလာရောက်အပ်နှံခိုင်းနေကြောင်း မတ္တရာဒေသခံတစ်ဦးက သတင်းပေးပို့သည်။

အင်အား ၅၀ခန့်ပါစစ်​ကောင်စီအဖွဲ့သည် မတ်လ ၂ရက် နေ့လယ်က သဖန်းကိုင်းရွာကိုရောက်ရှိပြီး ယနေ့နံနက်တွင် ရွာအနီးသို့ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ကာ ဒေသခံ တစ်ဦးကိုဖမ်းဆီးထားသည်ဟု ဆိုသည်။

“ သဖန်းကိုင်း မြောက်ဘက်မှာရှိတဲ့ ဦးပေါလှိုင်ဆိုတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို ဖမ်းလာတယ်။ ပြီးတော့သဖိုင်းကိုင်း မြောက်ဘက်နဲ့အရှေ့ဘက်မှာ တောတိုက်တွေကတဲတွေကို မီးရှို့တာရှိတယ်။ လက်ရှိမီးရှို့နေတာပေါ့။ မီးရှို့တဲ့သူက ရှို့နေသလိုရှို့ထားခဲ့ပြီးတော့ရွာထဲ ပြန်ဝင်လာတယ်။ ပြန်ဝင်လာပြီး ရွာထဲမှာရှိတဲ့ဆိုင်ကယ်တွေ ကိုလာပို့ပါဆိုပြီးပို့ခိုင်းနေတယ်။ရွာထဲကလူတွေက လည်းရွာ ကိုမီးရှို့မှာစိုးတော့ ဆိုင်ကယ်လောက်နဲ့ဘာမှ မဖြစ်ဘူးဆိုပြီး ဆိုင်ကယ်တွေ သွားသွားပို့နေရတယ်။ ဆိုင်ကယ် အစီး ၂၀၊၂၅စီးလောက်ရသွားပြီပြောတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

ယခင်ကလည်း သဖန်းကိုင်းရွာရှိနေအိမ် ၁၀လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးဖူး၍ ဒေသခံများအနေဖြင့် ယခု ရွာမီးရှို့ခံရမည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။