Connect with us

Hi, what are you looking for?

LuduNwayOo

News

သံဃာတစ်ပါးဦးဆောင်သော ပျူစောထီးအဖွဲ့ကို ချောင်းဦး LPDFများ ပူးပေါင်းတိုက်ခိုက်၊ ပျူစောထီး ငါးဦးသေ

ယင်းပျူစောထီးအဖွဲ့များ ဝယာကျေးရွာမှအပြန် ဝယာနှင့် ယာကြီးကြားလမ်းပိုင်းတစ်နေရာတွင် မဟာမိတ်ညီနောင် ဒေသကာကွယ်ရေးအဖွဲ့များမှ ပဒေသာမိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့မှ ငါးဦးသေဆုံးကာ ဒဏ်ရာပြင်းထန်သူ ငါးဦးထက်မနည်းရှိကြောင်း အသိပေးထားသည်။

(စစ်ကိုင်းတိုင်း အတွင်းရှိပျူ​စောထီးအား​ကောင်း​သော ​ကျေးရွာများတွင် သံဃာအချို့ပါ အကြမ်းဖက်စသ်​ကောင်စီက စစ်သင်တန်း​ပေး​နေသည်)

သံဃာတစ်ပါးဦးဆောင်သော စစ်ကောင်စီထောက်တိုင် ပျူစောထီးအဖွဲ့ကို မဟာမိတ်ညီနောင်အဖွဲ့နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Chaung U Revolution Army (C.R.A) အဖွဲ့က ယနေ့(မတ် ၃)ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီထောက်တိုင်ဖြစ်​သော ကံကြီးကုန်းရွာမှ သံဃာတစ်ပါးဦးဆောင်သော ပျူစောထီးအဖွဲ့သည် ယနေ့(မတ် ၃ ရက်)တွင် ဝယာကျေးရွာသို့ဝင်ရောက်ပြီး နေအိမ်များနှင့် ကွမ်းခြံများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် အဆိုပါအဖွဲ့မှာ ဝယာကျေးရွာအတွင်း ဝင်ရောက်စဥ် ပြည်သူများကြောက်လန့်စေရန် သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများလည်းရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွက် ပါရှိသည်။

ယင်းပျူစောထီးအဖွဲ့များ ဝယာကျေးရွာမှအပြန် ဝယာနှင့် ယာကြီးကြားလမ်းပိုင်းတစ်နေရာတွင် မဟာမိတ်ညီနောင် ဒေသကာကွယ်ရေးအဖွဲ့များမှ ပဒေသာမိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့မှ ငါးဦးသေဆုံးကာ ဒဏ်ရာပြင်းထန်သူ ငါးဦးထက်မနည်းရှိကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုကို Chaung U Revolution Army ( C.R.A ) နှင့် Chaung U Local Defence Force ( CHU- LDF )တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ကိုထောက်ခံသူများအားစုစည်း၍ စစ်ကိုင်းတိုင်းအတွင်းရှိမြို့နယ်အချို့တွင် သေနတ်ပစ်သင်တန်းများပေးလျက်ရှိရာ သံဃာအချို့လည်းပါဝင်သည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။