Connect with us

Hi, what are you looking for?

News

မြန်မာဝမ်​ပေါင်ကုမ္ပဏီထုတ်ကြေးနီများကို ကမ္ဘ့ာအကြီးဆုံး သတ္ထု​ဈေးကွက် LME က​​ရောင်းဝယ်ခွင့်မပြု​တော့

လန်ဒန် သတ္တုဈေးကွက်(London Metal Exchange -LME)ကလက်ပံ​တောင်း​တောင် ​ကြေးနီစီမံကိန်းမှထွက်​သော​ကြေးနီများကို​ရောင်းဝယ်ခွင့်ရပ်နားပြီဖြစ်ကြောင်းအ​ကြောင်းကြားစာကို ကြားခံရောင်းချပေးနေသည့် ကုမ္ပဏီများနှင့် သိုလှောင်ရုံများ ကို ဖေဖော်ဝါရီ ၂၄ ရက် ရက်စွဲဖြင့်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် လက်ပံတောင်းနှင့်ကြေးစင်တောင်ထွက် ကြေးနီသတ္တုများကို ကမ္ဘာ့အကြီးဆုံး သတ္တုဈေးကွက် London Metal Exchange က ရောင်းဝယ်ခွင့်ကို မေ ၂၄ ရက်စတင်ပြီးပိတ်လိုက်ပြီဖြစ်သည်။

လန်ဒန် သတ္တုဈေးကွက်(London Metal Exchange -LME)ကလက်ပံ​တောင်း​တောင် ​ကြေးနီစီမံကိန်းမှထွက်​သော​ကြေးနီများကို​ရောင်းဝယ်ခွင့်ရပ်နားပြီဖြစ်ကြောင်းအ​ကြောင်းကြားစာကို ကြားခံရောင်းချပေးနေသည့် ကုမ္ပဏီများနှင့် သိုလှောင်ရုံများ ကို ဖေဖော်ဝါရီ ၂၄ ရက် ရက်စွဲဖြင့်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ထိုအကြောင်းကြားစာတွင် စစ်ကိုင်းတိုင်း၊ မုံရွာတွင် တရုတ်ကုမ္ပဏီ ဝမ်ပေါင်ကုမ္ပဏီက တူးဖော်ထုတ်လုပ်နေသည့် ကြေးနီများကို ရောင်းချခွင့်မပြုတော့ဟုဆိုသည်။ထိုကြောင့် မေ ၂၃ ရက်မတိုင်ခင် သတ္တုရောင်းချမှုများ အပြီးသတ်ဆောင်ရွက်ရန် နှင့်မေ ၂၄ ရက်တွင် အဆိုပါကုမ္ပဏီ၏ အ
မှတ်တံဆိပ်ကို လက်ခံမည်မဟုတ်​တော့ကြောင်း ​ရေးသားထားသည်။

LMEသည် ကမ္ဘာအကြီးဆုံး သတ္တုဆိုင်ရာဈေးကွက်တစ်ခုဖြစ်ပြီး အထူးသဖြင့် သံသတ္တုများနှင့် အဖိုးတန်သတ္တုများကို ရောင်းဝယ်သည့်နေရာဖြစ်သည်။ ထို​ဈေးကွက်ကို ၁၈၇၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တရုတ်နိုင်ငံပိုင် China North Industries Corporation ​ ​​၏ လက်နက်ထုတ်လုပ်​သောလုပ်ငန်းဖြစ်သည့် Norinco က မြန်မာစီးပွား​ရေးဦးပိုင် ၊မြန်မာအစိုးရတို့နှင့် ပူး​ပေါင်း၍ မြန်မာဝမ်​ပေါင်ကုမ္ပဏီကိုထူ​ထောင်ကာလက်ပံတောင်းတောင်နှင့်ကြေးစင်တောင်တို့တွင် ကြေးနီတူးဖော်​နေခြင်းဖြစ်သည်။ ယခင်က လက်ပံ​တောင်း​တောင်​ကြေးနီစီမံကိန်းကိုက​နေဒါကုမ္ပဏီဖြစ်​သောအိုင်ဗင်ဟိုး
(Ivanhole)က၁၉၉၆ မှစတင်လုပ်ကိုင်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် က​နေဒါကုမ္ပဏီက တရုတ်အစိုးရပိုင် အိုင်ဗင်ဟိုးသို့ လွှဲ​ပြောင်း​ရောင်းချခဲ့ခြင်းဖြစ်သည်။

ထိုကုမ္ပဏီသည် မြန်မာနှင့် ကွန်ဂိုတို့တွင် သတ္တုတူးဖော်ရေးလုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်သည်။ ဈေးကွက်တွင် ရောင်းချခွင့်ပိတ်ခြင်းသည့် မြန်မာနိုင်ငံ မုံရွာမှ ထွက်ရှိသည့် ကြေးနီသတ္တုအတွက်သာဖြစ်သည်။ ထို ကြေးနီးသတ္တုတူးဖော်ရေးလုပ်ငန်းသည် အမှတ် ၁ သတ္တုလုပ်ငန်း အောက်တွင်တည်ရှိနေခြင်းဖြစ်သည်။ .

ဥရောပသမဂ္ဂ(EU)ကအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အမှတ် (၁)သတ္တုတွင်းလုပ်ငန်းနှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ကို ဖေဖော်ဝါရီ ၂၂ ရက်တွင် ပိတ်ဆို့အရေးယူခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ကြေးနီတင်ယာဥ်တွေ ဖြတ်သန်းလာပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်လုံခြုံရေးယူနေလို့ ခရီးသွားယာဥ်တွေ ပိတ်မိနေပါတယ်။

သတင်း

၂၀၂၄ခုနှစ်အတွင်း ကုမ္ပဏီ ၂၀,၀၀၀ ခန့်ကို စစ်ကောင်စီက ဖျက်သိမ်းခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနက စာရင်းများအရသိရသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အမှတ်(၂၈)ရဲတပ်ရင်းအနီးတွင် အက်ဆစ်နှင့် ကြေးနီတင်ယာဥ်တန်းလုံခြုံရေးအတွက် ကင်းထွက်လာသော စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

သတင်း

ဒေါက်တာဝင်းကျော်နှင့် ၎င်း၏ ဇနီးဖြစ်သူ ခင်ကေခိုင်တို့က ဦးဆောင်သည့် Mascots Group of Companies က အထက်ပါတရုတ်ကုမ္ပဏီများနှင့် စစ်အုပ်စုအကြား စီးပွားရေးလုပ်ဆောင်နိုင်ရန် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးကြောင်း JFM က စုံစမ်းဖော်ထုတ်သည်။