Connect with us

Hi, what are you looking for?

ဗီဒီယို

ပိုလန်လေတပ်ရဲ့ တိုက်လေယာဉ်တွေ ယူကရိန်းဆီ လွှဲပေးဖို့ အမေရိကန် ဆွေးနွေးနေ

ပိုလန် လေတပ်က ရုရှားလုပ် MiG-29 တိုက်လေယာဉ်တွေကို ယူကရိန်းဆီ ပို့ဆောင်ပေးရေးအတွက် ဆွေးနွေးမှုတွေ အရှိန်ရလာနေကြောင်း အမေရိကန် စစ်ဘက် တာဝန်ရှိသူ ၄ ဦးလောက်က Politico မဂ္ဂဇင်းဆီ အတည်ပြု ပြောကြားခဲ့ပါတယ်။

ပိုလန်လေတပ်ရဲ့ တိုက်လေယာဉ်တွေကို ယူကရိန်းဆီ လက်လွှဲ ဖြည့်တင်းပေးနိုင်ရေးအတွက် အမေရိကန် အစိုးရက အလေးအနက် ဆွေးနွေးနေပါတယ်။

ပိုလန် လေတပ်က ရုရှားလုပ် MiG-29 တိုက်လေယာဉ်တွေကို ယူကရိန်းဆီ ပို့ဆောင်ပေးရေးအတွက် ဆွေးနွေးမှုတွေ အရှိန်ရလာနေကြောင်း အမေရိကန် စစ်ဘက် တာဝန်ရှိသူ ၄ ဦးလောက်က Politico မဂ္ဂဇင်းဆီ အတည်ပြု ပြောကြားခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ယူကရိန်းမှာ လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ အဆင်မပြေရင်တောင် တိုက်လေယာဉ်တွေ ထောက်ပံ့ပေးကြဖို့ NATO မဟာမိတ် နိုင်ငံတွေဆီ တောင်းဆိုထားပါတယ်။ ပိုလန်ဟာ ရုရှားလုပ် စစ်လက်နက် ပစ္စည်းတွေ တော်တော်များများ သုံးစွဲနေတဲ့ နိုင်ငံဖြစ်ပြီး အဲဒီထဲကမှ MiG-29တွေကို ယူကရိန်းဆီ လွှဲပေးဖို့ အမေရိကန်က ဆွေးနွေးနေတာ ဖြစ်ပါတယ်။

ယူကရိန်း ကိုယ်တိုင်ကလည်း ရုရှားလုပ် စစ်လက်နက်တွေ အများစုကိုပဲ အသုံးပြုနေတဲ့အတွက် ယူကရိန်း တိုက်လေယာဉ်မှူးတွေဟာ MiG-29တွေကို ကိုင်တွယ်ဖို့ မစိမ်းလှပါဘူး။ တကယ်လို့ ပိုလန်က ယူကရိန်းဆီ တိုက်လေယာဉ်တွေ လွှဲပေးရင် အမေရိကန်က ပိုပြီး ခေတ်မီတဲ့ တိုက်လေယာဉ်တွေ ပို့ဆောင်ပေးမယ်လို့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။ ဒါပေမဲ့လည်း အဲဒီ လေယာဉ် အသစ်တွေ လေတပ်ထဲ ရောက်လာဖို့က အချိန် ကြာမြင့်နိုင်တာကြောင့် ပိုလန်ကလည်း ရှိတဲ့ MiG-29တွေကို ချက်ချင်း လွှဲပြောင်းပေးဖို့ တွန့်ဆုတ်နေပါတယ်။

Public Service Announcement

Public Service Announcement

ပိုလန်၊ ဘူလ်ဂေးရီးယား၊ ဆလိုဗက်ကီးယားတို့လို အရှေ့ဥရောပ နိုင်ငံတွေမှာ ရုရှားလုပ် စစ်လေယာဉ်တွေ ဒါဇင် တော်တော်များများ ရှိနေဆဲပါ။ အားလုံးက ယူကရိန်းကို ကူညီချင်ပေမယ့် အမေရိကန်ဆီက အမြန်ဆုံး အသစ် ပြန်အစားထိုးပေးမယ်ဆိုတဲ့ အာမခံချက်ကိုလည်း လိုချင်နေကြပါတယ်။

ပိုလန်ဟာ ၂၀၀၆ ခုနှစ်ကစလို့ နိုင်ငံရဲ့ လေတပ်ကို ခေတ်မီအောင် ပြန်လည် မွမ်းမံ တည်ဆောက်နေပြီး အမေရိကန်ရဲ့ F-16 တိုက်လေယာဉ်တွေကို ဝယ်ယူခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာတော့ လက်ရှိ ကမ္ဘာပေါ်မှာ နည်းပညာ အမြင့်ဆုံးလို့ သတ်မှတ် ခံထားရတဲ့ F-35 ကိုယ်ပျောက် တိုက်လေယာဉ် ၃၂ စီးကို ဒေါ်လာ ၄.၆ ဘီလီယံနဲ့ ဝယ်ယူဖို့ စာချုပ်ခဲ့ပါတယ်။

ရုရှားနဲ့ စစ်ဖြစ်လာချိန်မှာ NATO အဖွဲ့ဝင် ဥရောပ နိုင်ငံတွေက ယူကရိန်းကို သံချပ်ကာယာဉ်တွေ၊ တင့်ဖျက်ဒုံးတွေ၊ လေယာဉ်ပစ် ပခုံးထမ်း လောင်ချာတွေ အမြောက်အမြား ထောက်ပံ့နေပေမယ့် တိုက်လေယာဉ်တွေ ပေးပို့တဲ့ ကိစ္စကတော့ အများကြီး ပိုမို ရှုပ်ထွေး ခက်ခဲမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒရုန်း တိုက်လေယာဉ်တွေ ထုတ်လုပ် တည်ဆောက်ပေးဖို့ အမေရိကန် လေတပ်က ကုမ္ပဏီ နှစ်ခုနဲ့ အဝယ်စာချုပ်တွေ ချုပ်ဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။