Connect with us

Hi, what are you looking for?

ဗီဒီယို

ရုရှားနဲ့ စစ်ပွဲမှာ ယူကရိန်းလည်း နိုင်ခြေရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဆို

စစ်ပွဲ မစခင်က လက်နက်အင်အား၊ လူအင်အား အပြတ်အသတ် သာလွန်တာကြောင့် ရုရှားဟာ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို ရက်ပိုင်းအတွင်း သိမ်းယူနိုင်မယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုဆိုရင် စစ်ပွဲစပြီး နှစ်ပတ်နီးပါး ကြာမြင့်လာတဲ့ထိ ယူကရိန်းရဲ့ အဓိက မြို့ကြီးတွေကို ထိန်းချုပ်ဖို့ ရုရှားတပ်တွေ ရုန်းကန်နေရဆဲပါ။

ရုရှားနဲ့ စစ်ပွဲမှာ ယူကရိန်းဖက်က အနိုင်ရနိုင်ခြေ ရှိနေသေးတယ်လို့ ယုံကြည်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က မှတ်ချက် ပေးခဲ့ပါတယ်။

စစ်ပွဲ မစခင်က လက်နက်အင်အား၊ လူအင်အား အပြတ်အသတ် သာလွန်တာကြောင့် ရုရှားဟာ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို ရက်ပိုင်းအတွင်း သိမ်းယူနိုင်မယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုဆိုရင် စစ်ပွဲစပြီး နှစ်ပတ်နီးပါး ကြာမြင့်လာတဲ့ထိ ယူကရိန်းရဲ့ အဓိက မြို့ကြီးတွေကို ထိန်းချုပ်ဖို့ ရုရှားတပ်တွေ ရုန်းကန်နေရဆဲပါ။

အမေရိကန်ဟာ ဒီစစ်ပွဲမှာ တခြား NATO မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေနဲ့အတူ ယူကရိန်းကို လက်နက်နဲ့ ငွေကြေးတွေ ထောက်ပံ့ပေးနေပါတယ်။ ဘလင်ကန်က စစ်ပွဲ ဘယ်လောက် ကြာဦးမယ်ဆိုတာ မခန့်မှန်းတတ်ပေမယ့် ယူကရိန်း သေချာပေါက် ရှုံးမယ်လို့လည်း မပြောနိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။ အထူးသဖြင့် ယူကရိန်း ပြည်သူတွေရဲ့ ကျားကုတ်ကျားခဲ ခုခံမှုတွေဟာ အံ့ဩစရာ ကောင်းလွန်းတယ်လို့ ဘလင်ကန်က ဆိုတယ်။

တကယ်လို့ ရုရှားရဲ့ ရည်ရွယ်ချက်ဟာ ယူကရိန်း အစိုးရကို ဖြုတ်ချပြီး ရုပ်သေး အစိုးရတစ်ရပ်နဲ့ အစားထိုးချင်တာ ဆိုရင်တော့ ၄၅ သန်းသော ယူကရိန်း ပြည်သူတွေက တစ်နည်းမဟုတ် တစ်နည်း ဆန့်ကျင် ဖီဆန်ကြလိမ့်မယ်လို့ သူက မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အနေအထားမှာ စစ်ပွဲဟာ ရုရှား သမ္မတ ဗလာဒီမာပူတင် မျှော်လင့်ထားတဲ့ အနေအထားမျိုး မဟုတ်ဘူး ဆိုတာတော့ သိပ်ကို သေချာတယ်လို့လည်း ဘလင်ကန်က သုံးသပ်ခဲ့ပါတယ်။ BBC သတင်းဌာနက ယူကရိန်း အနေနဲ့ ဒီစစ်ပွဲကို အနိုင်ရနိုင်ခြေ ရှိတယ်လို့ ယုံကြည်ပါသလားဆိုပြီး မေးတဲ့အခါ ဘလင်ကန်က အချိန်အတိုင်းအတာ တစ်ခုကို ကျော်လွန်နိုင်မယ်ဆိုရင် သေချာပေါက် နိုင်လိမ့်မယ်လို့ ဖြေကြားသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။