Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုတိုက်ပွဲ အရာရှိအပါအဝင် စစ်ကောင်စီတပ် ထပ်မံသေဆုံးမှုရှိ

တိုက်ပွဲဆက်လက်ပြင်းထန်နေသော ဒီးမော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှု ပိုမိုပြုလုပ်လာနေသည်ကို တွေ့ရကြောင်း ဒီးမော့ဆို PDF က ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - ဒီး​မော့ဆို PDF

▪️အထိနာသည့် စစ်ကောင်စီတပ် လေကြောင်းမှ ၂၀ကြိမ်နီးပါး ဗုံးကြဲရာ အရပ်သားပစ်မှတ်များကိုပါ တိုက်ခိုက်

▪️ခရစ်ယာန်ဘုရားကျောင်း တစ်​ကျောင်းနှင့် ပြည်သူ လူထု နေအိမ်၁၅လုံးပျက်စီး


ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်မြို့နယ်တွင် ယမန်နေ့က ကရင်နီဒေသတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိအပါအဝင် တပ်သား အများအပြား သေဆုံးခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ – ဒီး​မော့ဆို PDF

ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ ကျောက်ဆည်ကန် နှင့် ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအုပ်စု၊ သေးဆူလဲကျေးရွာတွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒီးမော့ဆို PDF၊ လွိုင်ကော်(PDF)၊ ဖယ်ခုံ(PDF)၊ မိုးဗြဲ(PDF) ၊ CTU နည်းပညာလက်ရုံးတပ်၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်၊ KNDF၊ KA၊ KGZ၊ GZ- 21 နှင့် အခြားတော်လှန် ရေးတပ်ဖွဲ့များပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲတွင် ဒီးမော့ဆို PDF တပ်ဖက်မှ ထိခိုက်မှုအချို့ရှိခဲ့ကြောင်းလည်း အသိပေးသည်။

ဓာတ်ပုံ – ဒီး​မော့ဆို PDF

တိုက်ပွဲတွင် အထိနာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် နေ့လယ်၁၂နာရီ ခန့်မှစ၍ ရဟတ်ယာဉ် ၂စီး၊ တိုက်လေယာဉ် ၂စီးဖြင့် ၁၅ကြိမ်ခန့် ဗုံးကြဲခဲ့ပြီး ညပိုင်းတွေင်လည်း တိုက်လေ ယာဉ် တစ်စီးဖြင့် သုံးကြိမ်ခန့် ဗုံးကြဲခဲ့ကြောင်း၊ သန်းခေါင်ကျော်အချိန် ယနေ့ နံနက် ၂နာရီခန့်တွင် တိုက် လေယာဉ်တစ်စီးဖြင့် အရပ်သား ပြည်သူများ ရှိနရာနေရာကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒီးမော့ဆို PDFက ထုတ်ပြန်သည်။

ထိုသို့ လေကြောင်း တိုက်ခိုက်မှုများကြောင့် ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းတစ်​ကျောင်း ထိမှန်ပျက်စီးခဲ့ပြီး ပြည်သူလူထု နေအိမ် ၁၅လုံးခန့် ပျက်စီးသွားကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ – ဒီး​မော့ဆို PDF

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ကလည်း အကြမ်းဖက်စစ်ကောင်စီတပ် သည်ကျေးရွာသူရွာသားများနှင့် စစ်ဘေးရှောင် ပြည်သူများ စသည့် အရပ်သားပြည်သူများသာ ခိုအောင်းနေသော ဆောင်ဒူကျေးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းသည် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်သော စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းပင်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲဆက်လက်ပြင်းထန်နေသော ဒီးမော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှု ပိုမိုပြုလုပ်လာနေသည်ကို တွေ့ရကြောင်း ဒီးမော့ဆို PDF က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။