Connect with us

Hi, what are you looking for?

News

စစ်သား၊ ရဲများနှင့် နီးကပ်စွာရှိနေခြင်းမှာ အသက်အန္တရာယ်ရှိ​နေသည်ဟု သိထားရန် ဗန်းမော် PDF သတိပေး

မတ်လ ၈ရက် ညပိုင်းက ဗန်းမော်သစ်ထုတ်ရေးရုံးရှေ့ရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးနေရာအား မိုင်းဖောက်ခွဲမှု လုပ်ဆောင်ခဲ့ကြောင်း ဗန်းမော် PDFက ထုတ်ပြန်စဉ် ယင်းသို့ သတိပေးခဲ့ခြင်းဖြစ်သည်။

(၂၀၂၁ ရှစ်​လေးလုံး​အ​ရေး​တော်ပုံနေ့တွင် ဗန်း​မော် PDFလူငယ်များ၏ ကျည်ဆံသပိတ်ပြု​နေသည်ကို ​တွေ့ရစဥ်)

စစ်​ကောင်စီ လက်ပါး​စေ ရဲ၊ စစ်သားများနေထိုင်ရာ နေအိမ်အဆောက်အအုံများအနီး သွားလာခြင်းအား ရှောင်ကျင်ရန်နှင့် ၎င်းတို့နှင့် နီးကပ်စွာရှိနေခြင်းမှာ မိမိအသက်အန္တရာယ်ရှိနေသည်ကို သိရှိထားရန် ဗန်းမော် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ပြည်သူလူထုအား သတိပေးသည်။

မတ်လ ၈ရက် ညပိုင်းက ဗန်းမော်သစ်ထုတ်ရေးရုံးရှေ့ရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးနေရာအား မိုင်းဖောက်ခွဲမှု လုပ်ဆောင်ခဲ့ကြောင်း ဗန်းမော် PDFက ထုတ်ပြန်စဉ် ယင်းသို့ သတိပေးခဲ့ခြင်းဖြစ်သည်။

ပြည်သူလူထုကို စိတ်အနှောက်ယှက်ဖြစ်စေရန် နေ့စဉ်စစ်ဆေးနေသော ရဲခွေး ၊ စစ်ခွေးများကို သတိပေးလိုက်ခြင်းလည်းဖြစ်ကြောင်း၊ ဗန်းမော် PDF အနေဖြင့် ဗန်းမော်မြို့ကို နေ့စဉ် စောင့်ကြည့်နေပြီး ရဲခွေး ၊ စစ်ခွေးများ၏လုပ်ရှားမှုကို အမြဲစောင့်ကြည့်လေ့လာ၍၎င်းတို့အား နှိမ်နှင်းရန် အသေးစိတ်စီစစ်၍ သတင်းအချက်လက်များ စုဆောင်းပြီးဖြစ်ကြောင်း၊ မြို့ပြင်ဧရိယာများသည် ရဲခွေး ၊ စစ်ခွေးများ၏ သုသာန်ဖြစ်ကြောင်း ဖော်ပြသည်။

ထို့ကြောင့် ပြည်သူများအား အသိပေးလိုသည်မှာ အစစ်ဆေးရှိသောနေရာများကို ရှောင်ကွင်း သွားလာရန် ၊ ရဲခွေးစစ်ခွေးများကင်းပုန်း၀ပ်သော နေရာများရှောင်ကွင်းသွားလာရန်နှင့် မိမိနှင့်မသက်ဆိုင်သော အထုပ်များတွေ့ခဲ့သည်ရှိသော် ကိုင်တွယ်ခြင်း ၊ လေ့လာခြင်းမပြုရန် ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ရှေ့လာမယ့်ကာလများတွင် တော်လှန်ရေးစိတ်ဓါတ်ရှိသော ပြည်သူများ ဗန်းမော် PDFနှင့်ပူးပေါင်းပေးရန်လည်းဖော်ပြခဲ့ပြီး ဗန်းမော် PDF အနေဖြင့် ပြည်သူ လူထု၏ ထိခိုက်နှစ်နာမှုကိုမလိုလားသော ၊ ပြည်သူလူထုအားအမြဲစောင့်ရှောက်သွားမည်ဖြစ်သော ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ