Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီအား သုံးစွဲသူအချက်အလက်များ​ပေးပို့သည်ဆိုသည့် KBZ ဘဏ်၏ ATM မီးရှို့ဖျက်ဆီးခံရ

KBZ ဘဏ်သည် ပြည်သူများ၏ KBZ Pay အကောင့်များကိုလည်း စစ်ကောင်စီအလိုကျ မတရားပိတ်သိမ်းလျက်ရှိပြီး KBZ ကုမ္ပဏီသည် ‌အကြမ်းဖက်စစ်ကောင်စီကို လေယာဉ်စီတင်သွင်းပေးနေသည့်ကုမ္ပဏီဖြစ်ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့

အကြမ်းဖက်စစ်ကောင်စီအား သုံးစွဲသူအချက် အလက်များထောက်ပံ့ပေးပို့နေသည်ဆိုသည့် ကမ္ဘော‌ဇဘဏ်၏ ATM စက်ကို ဓာတ်ဆီလောင်း၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း Special Task Agency of Burma (STA) အဖွဲ့က အသိ​ပေးထုတ်ပြန်သည်။

ယ​နေ့(မတ်လ ၁၁ရက်)နံနက် ၄နာရီခွဲခန့်က ရန်ကုန်မြို့ သုဝဏ္ဏစုပေါင်းမှတ်တိုင်ရှေ့ရှိ KBZ ATM ကို ဓာတ်ဆီလောင်း မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း STAက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့

“သုံးစွဲသူရဲ့လုံခြုံရေးကို ဂရုမစိုက်ဘဲ ကိုယ်ရေးအချက်အလက်တွေကို အကြမ်းဖက်စစ်ကောင်စီကို အလိုရှိသလိုဖြန့်ဝေပေးပို့နေလို့ပါ”ဟု STAက တိုက်ခိုက်ရသည့် အကြောင်းရင်းကို ပြောသည်။

KBZ ဘဏ်သည် ပြည်သူများ၏ KBZ Pay အကောင့်များကိုလည်း စစ်ကောင်စီအလိုကျ မတရားပိတ်သိမ်းလျက်ရှိပြီး KBZ ကုမ္ပဏီသည် ‌အကြမ်းဖက်စစ်ကောင်စီကို လေယာဉ်စီတင်သွင်းပေးနေသည့်ကုမ္ပဏီဖြစ်ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အထက်ပါစစ်ဆင်ရေးတွင် STA အဖွဲ့သားများအားလုံး ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပြီး ၎င်းတို့အဖွဲ့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ကောင်စီ ၏ လက်အောက်ခံထောက်တိုင်များကို ရှင်းလင်းဖျက်‌ဆီးရေးလုပ်ငန်းများဆက်လက်လုပ်ကိုင်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့

KBZ ဘဏ်သည် အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်တစ်ခုဖြစ်သည်ဆိုကာ ပြည်သူ့ကာကွယ်​ရေးတပ်များက ပြီးခဲ့သည့်နှစ်ကတည်းက တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ၂၇ ရက်က မ‌န္တလေးမြို့ရှိ နေရာ ၇ ခု၌ KBZ ဘဏ်၊ ATM နှင့် ဘဏ်သုံးကားများ တိုက်ခိုက်ခံခဲ့ရသည်။

ရန်ကုန်မြို့တွင်လည်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၅ ရက်က ပြည်လမ်း နှင့် မင်းဓမ္မလမ်းပေါ်ရှိ KBZ ATM နှစ်လုံး တိုက်ခိုက်ခံခဲ့ရ​သေးသည်။

ထို့ပြင် ဇန်နဝါရီ ၂၄ ရက်က ပခုက္ကူမြို့ရှိ KBZ ဘဏ်ကို လက်လုပ်မိုင်းဖြင့်တိုက်ခိုက်ခံရသည်။

ထို့အတူ ဖေဖော်ဝါရီ ၅တွင် မြင်းခြံမြို့ KBZ ဘဏ်ခွဲ (၃) ၊ ဖေဖော်ဝါရီ ၉တွင် မန္တလေးမြို့ ၈၃လမ်း ၂၀ နှင့်၂၁လမ်းကြား KBZ ATM ၊ ဖေဖော်ဝါရီ ၂၀ တွင် ရွှေသရဖီရိပ်မွန်ရှိ KBZ ATM တို့ကို တိုက်ခိုက်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook