Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါကစ္စတန် ပိုင်နက်ထဲ အိန္ဒိယက ဒုံးကျည် မှားယွင်း ပစ်ခတ်

မတော်တဆ အမှားအတွက် အလေးအနက် စိတ်မကောင်း ဖြစ်မိကြောင်းနဲ့ ပါကစ္စတန်ဖက်မှာ ထိခိုက်သေကြေမှု လုံးဝ မရှိခဲ့ဘူးဆိုတာ သိရလို့ စိတ်သက်သာရာ ရမိကြောင်းလည်း အိန္ဒိယ စစ်တပ်က ပြောပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ အာရှတောင်ပိုင်း ဒေသမှာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ထားတဲ့ ခါးသီး ပြိုင်ဘက် အိမ်နီးချင်း နိုင်ငံတွေ ဖြစ်ကြပါတယ်။

ပါကစ္စတန် ပိုင်နက်ထဲကို ဒုံးကျည်တစ်စင်း မှားယွင်းပြီး ပစ်ခတ်မိခဲ့ကြောင်း အိန္ဒိယ စစ်တပ်က အတည်ပြု ဝန်ခံခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ရည်ရွယ်ချက် လုံးဝ မပါခဲ့တဲ့ မတော်တဆမှု သက်သက်သာ ဖြစ်တယ်လို့ အိန္ဒိယက ထုတ်ပြန်ခဲ့ပြီး ပုံမှန် ပြင်ဆင် ထိန်းသိမ်းမှုတွေ ပြုလုပ်နေတဲ့အချိန် နည်းပညာပိုင်း အမှားအယွင်း ကြုံခဲ့တာလို့ ဖြေရှင်းပါတယ်။

မတော်တဆ အမှားအတွက် အလေးအနက် စိတ်မကောင်း ဖြစ်မိကြောင်းနဲ့ ပါကစ္စတန်ဖက်မှာ ထိခိုက်သေကြေမှု လုံးဝ မရှိခဲ့ဘူးဆိုတာ သိရလို့ စိတ်သက်သာရာ ရမိကြောင်းလည်း အိန္ဒိယ စစ်တပ်က ပြောပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ အာရှတောင်ပိုင်း ဒေသမှာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ထားတဲ့ ခါးသီး ပြိုင်ဘက် အိမ်နီးချင်း နိုင်ငံတွေ ဖြစ်ကြပါတယ်။

ပါကစ္စတန် စစ်တပ်ကတော့ နိုင်ငံ အရှေ့ပိုင်းက မီယန် ချန်နူ မြို့နားကို မြန်နှုန်းမြင့် ပျံသန်းတဲ့ အရာတစ်ခု ပျက်ကျခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒီဒုံးကျည်ဟာ အဲဒီဧရိယာ တဝိုက်မှာ ပျံသန်းနေတဲ့ ခရီးသည်တင် လေယာဉ်တွေကို အန္တရာယ် ဖြစ်စေနိုင်တဲ့ အနေအထားမျိုး ရှိခဲ့တယ်လို့လည်း ပါကစ္စတန်ဖက်က ဝေဖန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီအမှားအယွင်းဟာ မတ်လ ၉ ရက်က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ အိန္ဒိယရဲ့ ဒုံးကျည် စနစ်တွေကို ပုံမှန် ပြုပြင် ထိန်းသိမ်းတဲ့ လုပ်ငန်းစဉ်အတွင်း ဒုံးကျည်တစ်စင်းကို ပစ်လွှတ်လိုက်မိတာလို့ ဆိုပါတယ်။ ဒီလို လွဲချော်မှုမျိုးကို အိန္ဒိယ အစိုးရ အနေနဲ့ အလေးအနက် သဘောထားပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့လည်း ကြေညာပါတယ်။

ပါကစ္စတန် အစိုးရကတော့ အိန္ဒိယ အနေနဲ့ ဒီလို မနှစ်မြို့စရာ ပေါ့လျော့ မှားယွင်းမှုမျိုး နောက်တစ်ခါ ထပ်မကြုံအောင် သတိထားသင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ပါကစ္စတန် လေတပ်က ဒုံးကျည်ရဲ့ ပျံသန်းမှုကို ခြေရာခံ စောင့်ကြည့်နေခဲ့ပါတယ်။

ဒုံးကျည်ဟာ ပါကစ္စတန် လေပိုင်နက်ထဲမှာ အမြင့်ပေ ၁၂၀၀၀ မီတာလောက်ကနေ အသံထက် ၃ ဆမြန်တဲ့နှုန်းနဲ့ ၁၂၄ ကီလိုမီတာ ခရီးပေါက်အောင် ပျံသန်းပြီးမှ ပျက်ကျသွားခဲ့တာလို့ သိရပါတယ်။ ပါကစ္စတန်က အခုကိစ္စနဲ့ ပတ်သက်လို့ အိန္ဒိယရဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို အသိပေး ဝေမျှပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သုံးသပ်ဆောင်းပါး

အရှေ့အလယ်ပိုင်းမှာစစ်ပွဲတွေ ဖြစ်လာတဲ့အခါ လူအများစုရဲ့ အာရုံက ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်အင်အားတွေ အပေါ်ကိုပဲ ရောက်သွားလေ့ရှိပါတယ်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...