Connect with us

Hi, what are you looking for?

News

ပုလဲနှင့် ချောင်းဦးတွင် တစ်လအတွင်း စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၉၀ ကျော် သုတ်သင်နိုင်ခဲ့ဟုဆို

“တစ်လအတွင်းဆိုတာက ဖေဖော်ဝါရီလလယ်မှ မတ်လလယ်ထိပါ။ (စီးနင်းမှု) သုံးကြိမ်ပါ။ ကျွန်တော်တို့က စီးနင်းတိုက်ခိုက်တာပါ”ဟု ZERO ပြောက်ကျားတပ်ဖွဲ့မှ ဦးဆောင်သူတစ်ဦးက ပြောသည်။

(ကန်ကြီးကုန်းတိုက်ပွဲအပြီး အောင်ပွဲနှင့်အတူပြန်လာသော တော်လှန်ရေးရဲဘော်များအား ဒေသခံများက အောင်သပြေများဖြင့် ကြိုဆိုခဲ့ကြစဥ်)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နှင့် ချောင်းဦးမြို့နယ်အတွင်းဖြစ် ပွားသောတိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့ဝင် ၉၀ ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်း ZERO ပြောက်ကျား တပ်ဖွဲ့က ယနေ့(မတ် ၁၃)ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုများကို ဖေဖော်ဝါရီလလယ်မှ ယခုမတ်လလယ်အထိ တစ်လအတွင်း ပြု လုပ်ခဲ့သည့်မှတ်တမ်းဖြစ်ပြီး စစ်ကောင်စီတပ် ယာယီတပ်စွဲသည့်နေရာသုံးခုထက်မနည်းကို ဝင်ရောက်စီးနင်းခဲ့ကြောင်း ယင်းအဖွဲ့က ပြောသည်။

(ကန်ကြီးကုန်းတိုက်ပွဲအပြီး အောင်ပွဲနှင့်အတူပြန်လာသော တော်လှန်ရေးရဲဘော်များအား ဒေသခံများက အောင်သပြေများဖြင့် ကြိုဆိုခဲ့ကြစဥ်)

“တစ်လအတွင်းဆိုတာက ဖေဖော်ဝါရီလလယ်မှ မတ်လလယ်ထိပါ။ (စီးနင်းမှု) သုံးကြိမ်ပါ။ ကျွန်တော်တို့က စီးနင်းတိုက်ခိုက်တာပါ”ဟု ZERO ပြောက်ကျားတပ်ဖွဲ့မှ ဦးဆောင်သူတစ်ဦးက ပြောသည်။

ZERO ပြောက်ကျားတပ်ဖွဲ့နှင့် နယ်စည်းမခြားမဟာမိတ်ညီနောင်များအဖွဲ့က ပုလဲနှင့် ချောင်းဦးမြို့နယ်များရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများယာယီတပ်စွဲရာ ဇီးဖြူကုန်းနှင့် ကံကြီးကုန်းကျေးရွာများအနီး နှစ်ကြိမ်စီ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

(ကန်ကြီးကုန်းတိုက်ပွဲအပြီး အောင်ပွဲနှင့်အတူပြန်လာသော တော်လှန်ရေးရဲဘော်များအား ဒေသခံများက အောင်သပြေများဖြင့် ကြိုဆိုခဲ့ကြစဥ်)

အဆိုပါတိုက်ခိုက်မှုများအပြီး အောင်ပွဲနှင့်အတူပြန်လာသော တော်လှန်ရေးရဲဘော်များအား ဒေသခံပြည်သူများက အောင်သပြေများနှင့်အတူ ကြိုဆိုပေးခဲ့သည့်အပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် တိုက်ပွဲများဆက်လက်အရှိန်မြှင့်သွားမည်ဖြစ်ကြောင်း ZERO ပြောက်ကျားတပ်က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook